အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။
လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့၊ ရန်ကုန်မြို့၊ Inya Lake ဟိုတယ်မှာ မင်္ဂလာညစာစားပွဲပြုလုပ်သွားတော့မယ့် အကြောင်း ရွှေမှုံရတီကော ရွှေထူးကပါ သူတို့ရဲ့ Facebook အကောင့်တွေကနေ ဖိတ်စာပုံလေးတွေတင်ပြီး ပရိသတ်တွေကို အသိပေးထားတာ တွေ့ရပါတယ်။ ဒါ့အပြင် 11.11.2018 Our Day ဆိုပြီးတော့လည်း နှစ်ယောက်လုံးရဲ့ အကောင့်တွေမှာ တင်ထားပါသေးတယ်။
သူတို့နှစ်ဦး တရားဝင်ချစ်သူတွေဖြစ်နေကြကြောင်းကို လွန်ခဲ့တဲ့ ၂လ ကျော်လောက်က ပရိသတ်တွေကို အသိပေးဖွင့်ဟခဲ့တာဖြစ်ပြီး ဒီကိစ္စဟာ ပရိသတ်တွေအကြား ဝေဖန်ပြောဆိုမှုများခဲ့တဲ့ ကိစ္စတစ်ခုလည်း ဖြစ်ခဲ့ပါသေးတယ်။
Ref: Htoo Khant and Shwe Hmone Yati's Facebook
Team (ရိုးရာလေး)
www.yoyarlay.com
#Team_yyl #CeleNews_yyl #Entertainment_yyl
Comments
Post a Comment