Posts

ဗီယက်​နမ်​ကို သ​ရေကစားပြီး အုပ်​စုထိပ်​မှာ ဆက်​လက်​ဦး​ဆောင်​ခဲ့တဲ့ မြန်​မာအသင်း

မြန်​မာ ၀-၀ ဗီယက်​နမ်​ မြန်​မာအသင်းနဲ့ အုပ်​စု (A)က ထိပ်​သီးအသင်းတစ်​သင်းဖြစ်​တဲ့ ဗီယက်​နမ်​တို့ ပွဲစဉ်​က​တော့ ဂိုးမရှိသ​ရေရလဒ်​နဲ့ အဆုံးသတ်​ခဲ့ပါတယ်​။ ပထမပိုင်းမှာ ဗီယက်​နမ်​အသင်းရဲ့ ကန်​ချက်​တစ်​ကြိမ်​ တိုင်​ထိထွက်​ခဲ့ပြီ ဒုတိယပိုင်းမှာ ဗီယက်​နမ်​အသင်းရဲ့ ဂိုး​ပေါက်​ကန်​သွင်းချက်​​တွေကို မြန်​မာဂိုးသမား ​ကျော်​ဇင်​ထက်​ လက်​စွမ်းပြကာကွယ်​နိုင်​ခဲ့ပါတယ်​။ မြန်​မာအသင်းရဲ့ ကန်​ချက်​တချို့ကိုလည်း ဗီယက်​နမ်​ဂိုးသမား ကာကွယ်​သွားခဲ့ပါတယ်​။ အခုပွဲစဉ်​မှာ သ​ရေကျခဲ့လို့ အုပ်​စုပွဲစဉ်​ ၃ ပွဲ ကစားပြီးချိန်​မှာ မြန်​မာအသင်းက ရမှတ်​ ၇ မှတ်​နဲ့ အုပ်​စုထိပ်​ဆုံး​နေရာက ရပ်​တည်​​နေပြီး ဗီယက်​နမ်​က ရမှတ်​ ၇ မှတ်​(မြန်​မာထက်​ ရဂိုးနည်း)နဲ့ အုပ်​စု ဒုတိယ​နေရာ ရပ်​တည်​​နေပါတယ်​။ မ​လေးရှားအသင်းက​တော့ ရမှတ်​ ၆ မှတ်​ရရှိထားပြီး နိုဝင်​ဘာလ ၂၄ ရက်​​နေ့ကျရင်​ ​​နောက်​တစ်​ဆင့်​တက်​​ရေးအတွက်​ မြန်​မာအသင်းနဲ့ အဆုံးအဖြတ်​ပွဲစဉ်​ ကစားရမှာပါ။ မ​လေးရှားနဲ့ပွဲမှာ မြန်​မာအသင်းက သ​ရေကျရုံနဲ့ ​နောက်​တစ်​ဆင့်​တက်​မှာ ဖြစ်​ပါတယ်​။ Nz (ရိုးရာ​လေး) www.yoyarlay.com #Nz_yyl #Sports_yyl

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

Image
ဆူဇူကီးဖလား အုပ်စုပွဲစဉ်အဖြစ် ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ မြန်မာလက်ရွေးစင်အသင်းဟာ နိုဝင်ဘာ ၂၀ ရက်၊ ည ၆း၀၀ နာရီအချိန်မှာ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ ၀-၀ ဖြင့် ဂိုးမရှိ သရေကျခဲ့ပါတယ်။ မြန်မာအသင်းဟာ အုပ်စုပွဲများအဖြစ် နိုဝင်ဘာ ၁၂ ရက်က ကမ္ဘောဒီးယားနှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၁၆ ရက်တွင် လာအိုအသင်းနှင့် အဝေးကွင်းကစားပြီး နိုင်ပွဲ ရရှိထားပါတယ်။  နိုဝင်ဘာ ၂ဝ ရက်တွင် ဗီယက်နမ် နှင့် အိမ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့ပြီး လာမဲ့  နိုဝင်ဘာ ၂၄ ရက်တွင် မလေးရှားနှင့် အဝေးကွင်း ကစားရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ-သူရ၊ မဇ္ဈိမ

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို

Image
ယနေ့ညယှဉ်ပြိုင်မည့် ဗီယက်နမ်အသင်းနှင့် ပွဲအပြီး တွင် မြန်မာပရိသတ်များအပျော် ဖြင့် အိမ်ပြန်စေရမည်ဟု မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ် အန်တွမ်နီဟေးက ပြောသည်။ မြန်မာ့လက်ရွေးစင်ဘော လုံးအသင်းသည် အာဆီယံဆူဇူ ကီးပြိုင်ပွဲ အုပ်စုတတိယပွဲအဖြစ်  နာမည်ကြီး ဗီယက်နမ်လက် ရွေးစင်အသင်းနှင့် နိုဝင်ဘာ ၂၀ ရက်(ယနေ့)ညနေ ၆နာရီ၌ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ‘‘ကျွန်တော်တို့ ခန္ဓာကိုယ် ကြံ့ခိုင်မှုသာမက စိတ်ဓာတ်ကြံ့ ခိုင်မှုကိုပါ အကောင်းဆုံးပြင်ဆင် ထားတယ်။ ဗီယက်နမ်အသင်းက စွမ်းဆောင်ရည်ကောင်းတဲ့အ သင်းပါ။ မလေးရှားအသင်းကို လည်း ၃၀ ရာခိုင်နှုန်းလောက် အ သာစီးရရှိအောင် ကစားနိုင်ခဲ့တဲ့ အသင်းပါ။ ဒါပေမဲ့ ဗီယက်နမ်နဲ့ ပွဲမှာ မြန်မာပရိသတ်အားလုံးပျော် ဖို့ ကျွန်တော်တို့အပြင်းအထန် ကြိုးစားနေတယ်။ ဒီပွဲစဉ်အတွက် ယုံကြည်မှု အပြည့်အ၀ရှိနေပြီ။ ကျွန်တော်တို့အတွက် မဖြစ်မနေ အနိုင်ယူဖို့လိုအပ်သလို ပရိသတ် တွေ အားလုံးအပျော်နဲ့ အိမ်ပြန်ရ မယ်လို့ ယုံကြည်ပါတယ်’’ ဟု နို ၀င်ဘာ ၁၉ ရက်က မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲ၌ မြန်မာ  အသင်းနည်းပြချုပ် ...

လက်ရှိ ရုံတင်ပြသစနစ်ကို ဝေဖန်လိုက်တဲ့ မျိုးသန္တာထွန်း

ကိုယ်ပိုင်ထုတ်လုပ်ရိုက် ကူးလိုသော ဇာတ်လမ်းများရှိ သော်လည်း လက်ရှိရုံတင်ပြသ ရေးစနစ်ကို မကြိုက်သောကြောင့် မရိုက်ခြင်းဖြစ်ကြောင်း သရုပ် ဆောင်မျိုးသန္တာထွန်းက ပြော သည်။ ‘‘ပြသရေးစနစ်ကြီးက အ ဆင်မပြေဘူး။ ကျွန်မတို့ တစ်ခု လပ်ကားဆိုရင် တစ်ပတ်ပဲရတယ် လေ။ ပထမတစ်ပတ်မှာ မအား တဲ့သူတွေ ရှိမယ်။ အဲဒါကြောင့် ဒုတိယအပတ်မှာ ရှိဦးမှာပဲဆိုတဲ့ စိတ်နဲ့ လာကြည့်တဲ့သူတွေအ တွက် ကြည့်စရာရုံမရှိတော့ဘူး။ အဲဒါက အရမ်းဝမ်းနည်းဖို့ ကောင်းတယ်။ အနုပညာတစ်ခုဖန်တီး တယ်ဆိုတာ လွယ်လွယ်နဲ့ ဖန်တီး လို့ မရဘူးလေ။ အချိန်တွေ အ များကြီးပေးရတယ်။ အားလုံးက တက်ညီလက်ညီ ကြိုးစားကြရ တယ်။ ဒီဖန်တီးထားတဲ့ အရာ တစ်ခုကို ရုပ်ရှင်ရုံပေါ်မှာ တစ် ပတ်ပဲ ပြရတယ်ဆိုတာ သိပ်နည်း လွန်းတယ်’’ ဟု ၎င်းကပြောသည်။ ရုံတင်ဝင်ငွေပေါ် မူတည်၍  ဆုံးဖြတ်သည့် အဆိုပါ စနစ် ကြောင့် ဖန်တီးသူများအတွက် နစ်နာသည်ဟု ဆိုသည်။‘‘ရုံတင်ဝင်ငွေနဲ့ ဆုံးဖြတ် တယ်ဆိုကတည်းက ဒါကဈေး ရောင်းတာမှ မဟုတ်တာ။ ရုံတွေ ကအစ ရွေးချယ်လို့ရသွားပြီ။ အဆင့်မြင့် ရုံတွေပေါ်လာပြီ။ အခု က စင်တာတွေမှာပါ ရုံတွေရှိ တယ်။ လူတွေကလည်း အများ ကြီးရွေးချယ်စရာရှိတော့ ပရိ သတ်တွေက မျှသွားတယ်။ အရင် ကလို ပုံစံမျိုးနဲ့သွားနေမယ်ဆိုရ...

ကျပ် ၅၀၀ တန်ထီကို ၂၀၁၉ တွင် သုံးလခန့်ဆက်လက်ဖွင့်လှစ်ပြီး ဈေးကွက်ဝယ်လိုအား မရှိပါက ရပ်ဆိုင်းမည်

 ကျပ်ငါးရာတန်ထီကို ၂၀၁၉ အတွင်း သုံးလခန့်ဆက် လက်ဖွင့်လှစ်ပြီး ဈေးကွက်ဝယ် လိုအားမရှိပါက ရပ်ဆိုင်းမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်များဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဦး မင်းထွဋ်က ပြောသည်။ အောင်ဘာလေသိန်းဆုဌာန အပြင် ၂၀၁၉ ဖေဖော်ဝါရီကစ၍ အမြင့်ဆုံးဆုငွေ ကျပ်သိန်းတစ် သောင်းခွဲချီးမြှင့်မည့်ကျပ်တစ် ထောင်တန်လက်မှတ်ကို စတင် ဖြန့်ဝေရောင်းချမည်ဖြစ်သော် လည်း ကျပ်ငါးရာတန် ထီကို လတ်တလော ရပ်ဆိုင်းဦးမည် မဟုတ်ဟု ၎င်းကဆိုသည်။ ‘‘ကျပ်ငါးရာတန် ထီလက် မှတ်ကို သုံးလစာလောက်အထိ တော့မှာထားသေးတယ်။ ဈေး ကွက်အပြိုင်ဖြစ်လာမှာပေါ့။ အ ခြေအနေကို ကြည့်ရမယ်။ ၀ယ် လိုအားမကောင်းတော့ဘူးဆိုတဲ့ အခါကျရင်တော့ နောက်ပိုင်းရပ် သွားမှာပေါ့’’ ဟု ဦးမင်းထွဋ်က ပြောသည်။ ကျပ်ငါးရာတန် ထီလက် မှတ်ကို ၂၀၁၇ မတ်လကစတင် ဖြန့်ဝေရောင်းချပြီး ယင်းထီလက် မှတ်၏ လက်ရှိအမြင့်ဆုံးဆုငွေ သည် ကျပ်သိန်းတစ်သောင်းဖြစ် သည်။ ကျပ်ငါးရာတန်ထီဖွင့်လှစ် ရောင်းချစဉ်ကလည်း ကျပ်နှစ်ရာ တန်ထီလက်မှတ်ကို သုံးလကြာ ဆက်လက်ရောင်းချပြီးနောက် ၂၀၁၇ ဇွန်လတွင် ကျပ်နှစ်ရာတန် ထီလက်မှတ်ဖြန့်ဝေရောင်းချမှု ရပ်ဆိုင်းခဲ့သည်။ ကျပ်တစ်ထောင်တန်ထီကို ဖေဖော်ဝါရီအတွင်း ရောင်းချမည် ဖြစ်၍ သုံးန...

အထည်ချုပ်စက်ရုံများတွင် လုပ်သားလိုအပ်ချက် မြင့်မားနေ

Image
အထည်ချုပ်စက်ရုံများ တွင် ကျွမ်းကျင်လုပ်သားရှားပါးမှု ကြောင့် လုပ်သားလိုအပ်ချက် မြင့်မားနေကြောင်း စက်ရုံလုပ်ငန်းရှင်အချို့က ပြောသည်။ လက်ရှိ အထည်ချုပ်စက်ရုံ ကြီးများသည် လုပ်သားဦးရေ ရာနှင့်ချီ လိုအပ်ချက်ရှိနေခြင်း ကြောင့် အလုပ်ခေါ်ခြင်းနှင့် လူတွေ့စစ်ဆေးခြင်း ဆက်တိုက်ပြု လုပ်နေသော်လည်း    သတ်မှတ်လုပ်သားဦးရေ    ပြည့်မီစွာမရရှိ င်း ၎င်းတို့က ဆိုသည်။ ‘‘အလုပ်လိုချင်လို့ လာ လျှောက်ကြတာတွေလည်း များ တယ်။ ဒါပေမဲ့ ကိုယ်လိုချင်တဲ့ အရည်အချင်းရှိတဲ့ လူမျိုးရဖို့တော့မလွယ်ဘူး။ လူ ၁၀၀ လျှောက်ရင် ၃၀ လောက်ပဲရတယ်’’ဟု အထည်ချုပ်စက်ရုံတစ်မှ မန်နေဂျာ မတိုးတိုးက ပြောသည်။ အလုပ်လျှောက်ထားသူ အ များစုအား လုပ်ငန်းမကျွမ်းကျင် ခြင်း၊ သင်တန်းများက ပြည့်စုံ အောင်     သင်ကြားမှုမရှိခြင်း များကြောင့် အလုပ်ခန့်အပ်ရန် အခက်ကြုံရသည်ဟု အထည်ချုပ် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ လုပ်သားလိုအပ်ချက် ဖြည့် တင်းနိုင်ရန် စက်ရုံအချို့က လုပ် ငန်းအကြိုသင်တန်းများပေး၍ လုပ်သားစုဆောင်းသည့်စနစ်ကို ကျင့်သုံးလာသော်လည်း  သင် တန်းကာလပြီးဆုံးပါက အဆိုပါ လုပ်သားများ အခြားလုပ်ငန်းခွင် များသိ...

၂ ပွဲ ကစား၊ ၆ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မြန်မာအသင်း

Image
လာအို ၁-၃ မြန်မာ ပွဲချိန် ၁၄ မိနစ်မှာပဲ အင်နာလေရဲ့ ဧရိယာထိပ်ကန်ချက်ကြောင့် မြန်မာအသင်း နောက်ကလိုက် ကစားခဲ့ရပေမဲ့ ပွဲချိန်(၄၅)မိနစ်မှာ အောင်သူက ချေပဂိုး သွင်းခဲ့ပြီး ပွဲချိန်(၇၂)မိနစ်မှာ ထက်ဖြိုးဝေက ဘီးကုပ်ထိပ် ကန်ချက်နဲ့ ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ပွဲချိန်(၈၅)မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကတစ်ဆင့် မောင်မောင်လွင်က ပိတ်သွင်းပြီး မြန်မာအသင်းအတွက် ပွဲသိမ်းဂိုး သွင်းပေးခဲ့တာပါ။ မြန်မာအသင်းဟာ အဖွင့်ပွဲစဉ်မှာ ကမ္ဘောဒီးယားကို (၄-၁)ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့သလို ဒီပွဲမှာလည်း (၁-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် (၂)ပွဲကစား၊ (၆)မှတ်ရရှိထားပြီး ဂိုးကွာခြားချက်(+၅) ရရှိခဲ့ပါတယ်။ အုပ်စု(A)ရဲ့ တခြားပွဲစဉ်ဖြစ်တဲ့ ဗီယက်နမ်နဲ့ မလေးရှားအသင်းပွဲစဉ်မှာ ဗီယက်နမ်က (၂)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဗီယက်နမ်ကလည်း (၂)ပွဲ ကစား၊ (၆)မှတ်၊ ဂိုးကွာခြားချက်(+၅)ဖြစ်ပေမဲ့ မြန်မာအသင်းက သွင်းဂိုး အသာရတဲ့အတွက် အုပ်စုထိပ်ဆုံးနေရာမှာ ဦးဆောင်နေပါတယ်။ မြန်မာအသင်းဟာ နိုဝင်ဘာလ (၂၀)ရက်နေ့ ညနေ ၆ နာရီအချိန်ကျရင် ဗီယက်နမ်အသင်းကို သုဝဏ္ဍကွင်းမှာ လက်ခံကစားရမှာပါ။  Photo Credit- AFF