ဗီယက်နမ်ကို သရေကစားပြီး အုပ်စုထိပ်မှာ ဆက်လက်ဦးဆောင်ခဲ့တဲ့ မြန်မာအသင်း
မြန်မာ ၀-၀ ဗီယက်နမ် မြန်မာအသင်းနဲ့ အုပ်စု (A)က ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ ဗီယက်နမ်တို့ ပွဲစဉ်ကတော့ ဂိုးမရှိသရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဗီယက်နမ်အသင်းရဲ့ ကန်ချက်တစ်ကြိမ် တိုင်ထိထွက်ခဲ့ပြီ ဒုတိယပိုင်းမှာ ဗီယက်နမ်အသင်းရဲ့ ဂိုးပေါက်ကန်သွင်းချက်တွေကို မြန်မာဂိုးသမား ကျော်ဇင်ထက် လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ မြန်မာအသင်းရဲ့ ကန်ချက်တချို့ကိုလည်း ဗီယက်နမ်ဂိုးသမား ကာကွယ်သွားခဲ့ပါတယ်။ အခုပွဲစဉ်မှာ သရေကျခဲ့လို့ အုပ်စုပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ မြန်မာအသင်းက ရမှတ် ၇ မှတ်နဲ့ အုပ်စုထိပ်ဆုံးနေရာက ရပ်တည်နေပြီး ဗီယက်နမ်က ရမှတ် ၇ မှတ်(မြန်မာထက် ရဂိုးနည်း)နဲ့ အုပ်စု ဒုတိယနေရာ ရပ်တည်နေပါတယ်။ မလေးရှားအသင်းကတော့ ရမှတ် ၆ မှတ်ရရှိထားပြီး နိုဝင်ဘာလ ၂၄ ရက်နေ့ကျရင် နောက်တစ်ဆင့်တက်ရေးအတွက် မြန်မာအသင်းနဲ့ အဆုံးအဖြတ်ပွဲစဉ် ကစားရမှာပါ။ မလေးရှားနဲ့ပွဲမှာ မြန်မာအသင်းက သရေကျရုံနဲ့ နောက်တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။ Nz (ရိုးရာလေး) www.yoyarlay.com #Nz_yyl #Sports_yyl