မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို


ယနေ့ညယှဉ်ပြိုင်မည့် ဗီယက်နမ်အသင်းနှင့် ပွဲအပြီး တွင် မြန်မာပရိသတ်များအပျော် ဖြင့် အိမ်ပြန်စေရမည်ဟု မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ် အန်တွမ်နီဟေးက ပြောသည်။ မြန်မာ့လက်ရွေးစင်ဘော လုံးအသင်းသည် အာဆီယံဆူဇူ ကီးပြိုင်ပွဲ အုပ်စုတတိယပွဲအဖြစ်  နာမည်ကြီး ဗီယက်နမ်လက် ရွေးစင်အသင်းနှင့် နိုဝင်ဘာ ၂၀ ရက်(ယနေ့)ညနေ ၆နာရီ၌ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင်ယှဉ်ပြိုင်မည်ဖြစ်သည်။

‘‘ကျွန်တော်တို့ ခန္ဓာကိုယ် ကြံ့ခိုင်မှုသာမက စိတ်ဓာတ်ကြံ့ ခိုင်မှုကိုပါ အကောင်းဆုံးပြင်ဆင် ထားတယ်။ ဗီယက်နမ်အသင်းက စွမ်းဆောင်ရည်ကောင်းတဲ့အ သင်းပါ။ မလေးရှားအသင်းကို လည်း ၃၀ ရာခိုင်နှုန်းလောက် အ သာစီးရရှိအောင် ကစားနိုင်ခဲ့တဲ့ အသင်းပါ။ ဒါပေမဲ့ ဗီယက်နမ်နဲ့ ပွဲမှာ မြန်မာပရိသတ်အားလုံးပျော် ဖို့ ကျွန်တော်တို့အပြင်းအထန် ကြိုးစားနေတယ်။ ဒီပွဲစဉ်အတွက် ယုံကြည်မှု အပြည့်အ၀ရှိနေပြီ။ ကျွန်တော်တို့အတွက် မဖြစ်မနေ အနိုင်ယူဖို့လိုအပ်သလို ပရိသတ် တွေ အားလုံးအပျော်နဲ့ အိမ်ပြန်ရ မယ်လို့ ယုံကြည်ပါတယ်’’ ဟု နို ၀င်ဘာ ၁၉ ရက်က မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲ၌ မြန်မာ  အသင်းနည်းပြချုပ် အန်တွမ်နီ ဟေးက ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်း တွင် ဒဏ်ရာရကစားသမားမရှိ သော်လည်း ပွဲပယ်ပြစ်ဒဏ်ထိ ထားသည့် ဘယ်နောက်ခံကစားသမားသိန်းသန်းဝင်းသည်ဗီယက် နမ်နှင့်ပွဲ လွဲချော်မည်ဖြစ်သည်။  ထို့ကြောင့် မြန်မာအသင်းနည်း ပြချုပ်အန်တွမ်နီဟေးသည် ဗီ ယက်နမ်နှင့်ပွဲတွင် ဘယ်နောက် ခံကစားသမားနေရာ၌ နန္ဒကျော် ကို အသုံးပြုဖွယ်ရှိသည်။မြန်မာနှင့် ဗီယက်နမ်လက် ရွေးစင်အသင်းသည် ဆူဇူကီးပြိုင်ပွဲတစ်လျှောက် ငါးကြိမ်တွေ့ဆုံထားပြီး ဗီယက်နမ်က လေးကြိမ် အနိုင်ရကာ  တစ်ကြိမ်သရေကျထားသည်။ ရန်ကုန်မြို့၌ ကျင်း ပသည့် ၂၀၁၆  အာဆီယံဆူဇူကီး ပြိုင်ပွဲအုပ်စုအဆင့်တွင် မြန်မာ နှင့်ဗီယက်နမ်တွေ့ဆုံ ပြီး ဗီယက် နမ်အသင်းက ၂-၁ ဂိုးဖြင့်အနိုင်ရ ထားသည်။
ထိပ်တိုက်တွေ့ဆုံမှုတွင် အ သာရထားသော်လည်း မြန်မာအ သင်းကို သတိထားရင်ဆိုင်မည် ဖြစ်ကြောင်း ဗီယက်နမ်အသင်း နည်းပြချုပ်ပတ်ဟောင်ဆိုးက ပြောသည်။ ‘‘မြန်မာနဲ့ပွဲမှာ အကောင်း ဆုံး ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အနည်းဆုံးတစ်မှတ်ရဖို့ ရည်မှန်း ထားပါတယ်။ မြန်မာအသင်းက အဖွင့်ဂိုးတွေပေးရပေမယ့်နောက် ပိုင်းမှာ အာရုံစိုက်မှုကောင်း ကောင်းနဲ့ ပြန်လာနိုင်ခဲ့တဲ့အသင်း ဖြစ်လို့ သတိထားရင်ဆိုင်သွား မှာပါ’’ဟု ၎င်းက ပြောသည်။ ၂၀၁၈ အာဆီယံဆူဇူကီး  ဖလားပြိုင်ပွဲအုပ်စု(က) တတိယ ရက်အပြီးတွင် မြန်မာနှင့် ဗီယက် နမ်တို့ ခြောက်မှတ်စီတူညီနေ သော်လည်း သွင်းဂိုးအသာရသည့် မြန်မာက ပထမ၊ ဗီယက်နမ်က ဒုတိယနေရာ၌ ရပ်တည်နေ သည်။
မြန်မာနှင့် ဗီယက်နမ်အ သင်းတို့ နှစ်ပွဲကစား၊ နှစ်ပွဲအနိုင် ရထားသဖြင့် ယခုပွဲသည် အကြို ဗိုလ်လုပွဲတက်ရောက်ရန် အရေး ပါနေသည်။
မြန်မာအသင်းသည် အုပ်စု နှစ်ပွဲတွင် ကမ္ဘောဒီးယားအသင်း ကို ၄-၁ ဂိုး၊ လာအိုအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရထားသည်။ ဗီယက်နမ်အသင်းက လာအိုအ သင်းကို ၃-၀ ဂိုး၊ မလေးရှားအ သင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရ ထားပြီး ပေးဂိုးမရှိသေးပေ။

Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။