ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ



ဆူဇူကီးဖလား အုပ်စုပွဲစဉ်အဖြစ် ဗီယက်နမ်လက်ရွေးစင်အသင်းနဲ့ မြန်မာလက်ရွေးစင်အသင်းဟာ နိုဝင်ဘာ ၂၀ ရက်၊ ည ၆း၀၀ နာရီအချိန်မှာ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ ၀-၀ ဖြင့် ဂိုးမရှိ သရေကျခဲ့ပါတယ်။

မြန်မာအသင်းဟာ အုပ်စုပွဲများအဖြစ် နိုဝင်ဘာ ၁၂ ရက်က ကမ္ဘောဒီးယားနှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၁၆ ရက်တွင် လာအိုအသင်းနှင့် အဝေးကွင်းကစားပြီး နိုင်ပွဲ ရရှိထားပါတယ်။



 နိုဝင်ဘာ ၂ဝ ရက်တွင် ဗီယက်နမ် နှင့် အိမ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့ပြီး လာမဲ့  နိုဝင်ဘာ ၂၄ ရက်တွင် မလေးရှားနှင့် အဝေးကွင်း ကစားရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ-သူရ၊ မဇ္ဈိမ

Comments

Popular posts from this blog

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို