အထည်ချုပ်စက်ရုံများတွင် လုပ်သားလိုအပ်ချက် မြင့်မားနေ


အထည်ချုပ်စက်ရုံများ တွင် ကျွမ်းကျင်လုပ်သားရှားပါးမှု ကြောင့် လုပ်သားလိုအပ်ချက် မြင့်မားနေကြောင်း စက်ရုံလုပ်ငန်းရှင်အချို့က ပြောသည်။
အလုပ်လျှောက်ထားသူ အ များစုအား လုပ်ငန်းမကျွမ်းကျင် ခြင်း၊ သင်တန်းများက ပြည့်စုံ အောင်     သင်ကြားမှုမရှိခြင်း များကြောင့် အလုပ်ခန့်အပ်ရန် အခက်ကြုံရသည်ဟု အထည်ချုပ် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
လုပ်သားလိုအပ်ချက် ဖြည့် တင်းနိုင်ရန် စက်ရုံအချို့က လုပ် ငန်းအကြိုသင်တန်းများပေး၍ လုပ်သားစုဆောင်းသည့်စနစ်ကို ကျင့်သုံးလာသော်လည်း  သင် တန်းကာလပြီးဆုံးပါက အဆိုပါ လုပ်သားများ အခြားလုပ်ငန်းခွင် များသို့ ကူးပြောင်းသည့်အခြေ အနေနှင့် ရင်ဆိုင်ရကြောင်း ၎င်းက ပြောသည်။
‘‘သင်တန်းကာလမှာတော့ သူ့ကို အနည်းဆုံးလုပ်ခလစာအ တိုင်းတော့ ဘယ်ပေးမလဲ။ ဒါကို တချို့က စိတ်မရှည်ကြဘူး။ နည်း နည်းလေးတတ်ပြီဆိုတာနဲ့ တခြား စက်ရုံကို ပြောင်းလုပ်နိုင်ပြီဆိုပြီး သွားကြတဲ့အခါ လုပ်ငန်းရှင်တွေ အတွက် ဆုံးရှုံးမှုတွေ ဖြစ်ရတာ ပေါ့’’ဟု အထက်ပါအထည်ချုပ် လုပ်ငန်းရှင်က ပြောသည်။
အထည်ချုပ်စက်ရုံသို့ ဝင် ရောက်လုပ်ကိုင်မည့်သူများကို အဖွဲ့အစည်းအချို့က အခမဲ့သင် တန်းပေး၍ သင်ကြားသည့်အစီ အစဉ်များ    ပြုလုပ်သော်လည်း  လုပ်သားအင်အားဦးရေနှင့် ယှဉ်ပါက နည်းပါးနေကြောင်း ၎င်းတို့ က ပြောသည်။
‘‘စနစ်တကျ သင်ကြားပေး တဲ့ သင်တန်းတွေ များများပေါ်လာ ရင်တော့ အဆင်ပြေမယ်။ တချို့ တွေက အလုပ်ဝင်ချင်တဲ့သူကို အင်တာဗျူး ဖြေနိုင်အောင် လောက်ပဲ သင်ပေးလိုက်တယ်။ တကယ့်လုပ်ငန်းခွင်ကျတော့ အ လုပ်မဖြစ်တာမျိုးတွေလည်းရှိနေ သေးတယ်’’ဟု မတိုးတိုးက ပြော သည်။ မြန်မာနိုင်ငံတွင် လက်ရှိ၌ အထည်ချုပ်စက်ရုံ ၅၀၀ ကျော်ရှိ ပြီး လုပ်ငန်းခွင်ဝင်ရောက်လုပ် ကိုင်နေသည့် လုပ်သားဦးရေ ငါး သိန်းကျော်ရှိကြောင်း အလုပ် သမားညွှန်ကြားရေးဦးစီးဌာန စာ ရင်းများတွင် ဖော်ပြထားသည်။

Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို