၂ ပွဲ ကစား၊ ၆ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မြန်မာအသင်း



လာအို ၁-၃ မြန်မာ

ပွဲချိန် ၁၄ မိနစ်မှာပဲ အင်နာလေရဲ့ ဧရိယာထိပ်ကန်ချက်ကြောင့် မြန်မာအသင်း နောက်ကလိုက် ကစားခဲ့ရပေမဲ့ ပွဲချိန်(၄၅)မိနစ်မှာ အောင်သူက ချေပဂိုး သွင်းခဲ့ပြီး ပွဲချိန်(၇၂)မိနစ်မှာ ထက်ဖြိုးဝေက ဘီးကုပ်ထိပ် ကန်ချက်နဲ့ ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ပွဲချိန်(၈၅)မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကတစ်ဆင့် မောင်မောင်လွင်က ပိတ်သွင်းပြီး မြန်မာအသင်းအတွက် ပွဲသိမ်းဂိုး သွင်းပေးခဲ့တာပါ။

မြန်မာအသင်းဟာ အဖွင့်ပွဲစဉ်မှာ ကမ္ဘောဒီးယားကို (၄-၁)ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့သလို ဒီပွဲမှာလည်း (၁-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် (၂)ပွဲကစား၊ (၆)မှတ်ရရှိထားပြီး ဂိုးကွာခြားချက်(+၅) ရရှိခဲ့ပါတယ်။ အုပ်စု(A)ရဲ့ တခြားပွဲစဉ်ဖြစ်တဲ့ ဗီယက်နမ်နဲ့ မလေးရှားအသင်းပွဲစဉ်မှာ ဗီယက်နမ်က (၂)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဗီယက်နမ်ကလည်း (၂)ပွဲ ကစား၊ (၆)မှတ်၊ ဂိုးကွာခြားချက်(+၅)ဖြစ်ပေမဲ့ မြန်မာအသင်းက သွင်းဂိုး အသာရတဲ့အတွက် အုပ်စုထိပ်ဆုံးနေရာမှာ ဦးဆောင်နေပါတယ်။

မြန်မာအသင်းဟာ နိုဝင်ဘာလ (၂၀)ရက်နေ့ ညနေ ၆ နာရီအချိန်ကျရင် ဗီယက်နမ်အသင်းကို သုဝဏ္ဍကွင်းမှာ လက်ခံကစားရမှာပါ။ 

Photo Credit- AFF

Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို