ဗီယက်​နမ်​ကို သ​ရေကစားပြီး အုပ်​စုထိပ်​မှာ ဆက်​လက်​ဦး​ဆောင်​ခဲ့တဲ့ မြန်​မာအသင်း


မြန်​မာ ၀-၀ ဗီယက်​နမ်

မြန်​မာအသင်းနဲ့ အုပ်​စု (A)က ထိပ်​သီးအသင်းတစ်​သင်းဖြစ်​တဲ့ ဗီယက်​နမ်​တို့ ပွဲစဉ်​က​တော့ ဂိုးမရှိသ​ရေရလဒ်​နဲ့ အဆုံးသတ်​ခဲ့ပါတယ်​။ ပထမပိုင်းမှာ ဗီယက်​နမ်​အသင်းရဲ့ ကန်​ချက်​တစ်​ကြိမ်​ တိုင်​ထိထွက်​ခဲ့ပြီ ဒုတိယပိုင်းမှာ ဗီယက်​နမ်​အသင်းရဲ့ ဂိုး​ပေါက်​ကန်​သွင်းချက်​​တွေကို မြန်​မာဂိုးသမား ​ကျော်​ဇင်​ထက်​ လက်​စွမ်းပြကာကွယ်​နိုင်​ခဲ့ပါတယ်​။ မြန်​မာအသင်းရဲ့ ကန်​ချက်​တချို့ကိုလည်း ဗီယက်​နမ်​ဂိုးသမား ကာကွယ်​သွားခဲ့ပါတယ်​။

အခုပွဲစဉ်​မှာ သ​ရေကျခဲ့လို့ အုပ်​စုပွဲစဉ်​ ၃ ပွဲ ကစားပြီးချိန်​မှာ မြန်​မာအသင်းက ရမှတ်​ ၇ မှတ်​နဲ့ အုပ်​စုထိပ်​ဆုံး​နေရာက ရပ်​တည်​​နေပြီး ဗီယက်​နမ်​က ရမှတ်​ ၇ မှတ်​(မြန်​မာထက်​ ရဂိုးနည်း)နဲ့ အုပ်​စု ဒုတိယ​နေရာ ရပ်​တည်​​နေပါတယ်​။ မ​လေးရှားအသင်းက​တော့ ရမှတ်​ ၆ မှတ်​ရရှိထားပြီး နိုဝင်​ဘာလ ၂၄ ရက်​​နေ့ကျရင်
နောက်​တစ်​ဆင့်​တက်​​ရေးအတွက်​ မြန်​မာအသင်းနဲ့
အဆုံးအဖြတ်​ပွဲစဉ်​ ကစားရမှာပါ။ မ​လေးရှားနဲ့ပွဲမှာ မြန်​မာအသင်းက သ​ရေကျရုံနဲ့ ​နောက်​တစ်​ဆင့်​တက်​မှာ ဖြစ်​ပါတယ်​။

Nz (ရိုးရာ​လေး)
www.yoyarlay.com

#Nz_yyl #Sports_yyl

Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို