လားရှိုးတွင် အသေးစား ပေါက်ကွဲမှုဖြစ်ပွား
ရန်ကုန်−လားရှိုးမြို့ ရပ်ကွက် (၇) ရှိ လူနေအိမ်တစ်လုံးတွင်အောက် တိုဘာ ၁၁ ရက် ည ၉ နာရီခန့်က အသေးစား ပေါက်ကွဲမှု ဖြစ်ပွား သော်လည်း လူထိခိုက်မှုမရှိဘဲ နေအိမ်တံခါးနှင့် ပြတင်းမှန်အချို့ သာ ထိခိုက်ပျက်စီးခဲ့ကြောင်း အ ခင်းဖြစ်ပွားရာ နေအိမ်သို့ သွား ရောက်ကြည့်ရှုခဲ့သည့် မြို့ခံ ကို နေမျိုးက ပြောသည်။ ပေါက်ကွဲမှု ဖြစ်ပွားရာနေအိမ်ခြံဝင်းသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများ လာရောက်စစ်ဆေးနေပြီး ပေါက်ကွဲမှု ဖြစ်ပွားသည့်အကြောင်းရင်းကိုမူ မသိရသေးဟု ၎င်းကဆိုသည်။
Comments
Post a Comment