သပိတ်ကျင်းတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ် ဖျက်ဆီးသူကို ဖမ်းဆီးအမှုဖွင့်

မန္တလေးတိုင်း သပိတ် ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ အုပ်စု ရေထွက်ကျေးရွာတွင် ပြည် ခိုင်ဖြိုးပါတီ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးသူကို ဖမ်းဆီးအမှုဖွင့် ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကျော်ဌေးက    ပြော ကြားသည်။


ရေထွက်ကျေးရွာတွင် အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီခွဲက အမျိုးသားတစ်ဦး အရက်မူးပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအောင်နိုင် ရေးဆိုင်းဘုတ်ကို ဆုတ်ဖြဲဖျက် ဆီးခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

‘‘ဒီကိစ္စမှာ နောင်ဖျက်လို ဖျက်ဆီးလုပ်မယ့်လူတွေ မဖျက်ဆီးရအောင်လို့ လွတ်လပ်ပြီးတရား မျှတတဲ့ ရွေးကောက်ပွဲကို တည် တည်ငြိမ်ငြိမ်နဲ့ဖြစ်အောင် ရည် ရွယ်ချက်နဲ့ ပါတီဆိုင်းဘုတ်ဖျက် ဆီးသွားတဲ့ကိစ္စကို တရားလိုလုပ် ပြီး အမှုဖွင့်နေပါတယ်’’ဟု ပြည် ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။

ကျူးလွန်သူ အမျိုးသားကို ပါတီ ဆိုင်းဘုတ်ဖျက်ဆီးမှုဖြင့် အရေးယူရန် အမှုဖွင့်လှစ်ဆဲဖြစ် ပြီး အဆိုပါ အမျိုးသားသည် လက် နက်ကိုင်ဆောင်မှု၊ တရားခံပြေး မှုဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ထားသူ ဖြစ်ကြောင်း ရဲမှူးသန်းကျော်ဌေး က ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် အောက် တိုဘာ ၇ ရက် ညကလည်း မြင်းခြံမြို့နယ် ရှားတောကျေးရွာထိပ်တွင် စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီမဲဆွယ်ဆိုင်းဘုတ်ရှိ ပါ တီဥက္ကဋ္ဌဦးသန်းဌေးပုံနှင့် ကိုယ် စားလှယ်လောင်း ဒေါက်တာသန်း ၀င်း၏ ပုံများ ဖျက်ဆီးခံရသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော် သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)နေရာအ တွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည် ထောင်စုလယ်သမား၊ အလုပ်သ မားအင်အားစုပါတီ၊ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုက ရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါ တီ(မြန်မာ)တို့ ၀င်ရောက်ယှဉ် ပြိုင်မည် ဖြစ်သည်။

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်တွင် လစ်လပ်နေသော ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)နေရာဝင်ရောက်ယှဉ် ပြိုင်မည့် ဒီချုပ်ပါတီမှ ဦးခင်သန်းမောင်၏ မဲဆွယ်ဆိုင်းဘုတ်တစ် ခုကို ဆွဲနုတ်ပြီး အနီးရှိရေတွင်း ထဲသို့ ထိုးနှစ်သည့်ဖြစ်စဉ် အောက်တိုဘာ ၆ ရက်က ဖြစ်ပွားခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်ကို ရေတွင်းထဲမှ နုတ်ယူပြီး မူလနေရာ တွင်      ပြန်လည်စိုက်ထူသော် လည်း ညဘက်တွင် ထပ်မံ နုတ်ယူခံရပြီး အနီးရှိ ကျောင်းဝင်းထဲ သို့ လွှင့်ပစ်ခံခဲ့ရသည်။
#7day news


Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို