လေပြင်းကြောင့် ကျေးရွာ ၈၀ ကျော်ရှိလူနေအိမ် ၂,၀၀၀ ကျော် ပျက်စီ

ပဲခူးနှင့်ဧရာဝတီတိုင်း ဒေသကြီးအတွင်း ယမန်နေ့နံနက် အစောက လေပြင်းဝင်ရောက် တိုက်ခတ်သဖြင့် မြို့နယ်လေးခုမှ ကျေးရွာ ၈၀ ကျော်တွင် နေအိမ် ၂,၀၀၀ ကျော်ပျက်စီးပြီး အရေး ပေါ် ထောက်ပံ့ကူညီခဲ့ရကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီး ဌာနက ပြောသည်။


ပဲခူးတိုင်းဒေသကြီး သနပ် ပင်၊ က၀မြို့နယ်နှင့်ဧရာဝတီ တိုင်းဒေသကြီး မအူပင်၊ ညောင် တုန်းမြို့နယ်တို့တွင် အောက်တိုဘာ ၂၂ ရက်နံနက်အစောပိုင်းက လေပြင်း ၀င်ရောက်တိုက်ခတ်ခြင်း ဖြစ်သည်။

‘‘မအူပင်မြို့နယ်ထဲကကျေး ရွာ ၂၄ ရွာမှာ လေပြင်းဝင်လို့ ပြို သွားတာ ၂၂ အိမ်၊ ပျက်စီးတာ ၁၃၄ အိမ်၊ ညောင်တုန်းမှာလည်း အိမ် ၃၀ ကျော်ပျက်စီးတယ်’’ ဟု ဧရာဝတီတိုင်းဒေသကြီး ဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦး စီးမှူးဦးသန်းစိုးက ပြောသည်။

ပဲခူးတိုင်းဒေသကြီး က၀မြို့ နယ်တွင် လေပြင်းဒဏ်အဆိုးဆုံး ကြုံတွေ့ပြီး ကျေးရွာ ၅၀ ခန့်မှ နေအိမ် ၁,၆၀၀ ခန့်ပျက်စီးခဲ့ သည်။ နေအိမ် ၁,၆၀၀ ခန့်အနက် ၃၈၁ လုံးသည် လုံးဝပြိုကျခြင်း ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာ နမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

သနပ်ပင်မြို့နယ်တွင် ကျေးရွာ ကိုးရွာမှအိမ်ခြေ ၂၈၀ခန့်ပျက်စီးခဲ့သည်။ ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး ထိုင်းပင်လယ်ကွေ့မှ မုန်တိုင်းငယ် မြန်မာနိုင်ငံသို့ ဖြတ်သန်းသည့်အောက်တိုဘာ ၂၁ ရက်ညနှင့် ၂၂ ရက်နံနက်အစောပိုင်းက လေပြင်းကြောင့် စုစုပေါင်းနေအိမ် ၂,၀၃၅ ထိခိုက်ရာ ၄၂၃ အိမ်ပြိုကျပြီး ၁,၆၁၂ အိမ်ပျက်စီးခဲ့ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနက ထုတ်ပြန်သည်။

ထိုင်းပင်လယ်ကွေ့အတွင်း ၀င်ရောက်ခဲ့သော မုန်တိုင်းငယ် သည် အောက်တိုဘာ ၂၁ ရက်ည တွင် တနင်္သာရီကမ်းရိုးတန်းသို့ ဖြတ်သန်းခဲ့ပြီးနောက် အားလျော့ သွားကာ မုန်တိုင်းအကြွင်းအ ကျန်(သို့မဟုတ်) အရှေ့လေပွေ လှိုင်းအဖြစ် ၀င်ရောက်နိုင်၍ လေ ပြင်းနှင့် မိုးကြီးမည့်အန္တရာယ် သတိပြုရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ယင်းည တွင် သတိပေးချက်ထုတ်ပြန်ခဲ့ သည်။

ရန်ကုန်မြို့အပါအ၀င် မြစ်ဝ ကျွန်းပေါ်ဒေသများတွင် အောက် တိုဘာ ၂၁ ရက်ညက မိုးကောင်း ခဲ့ပြီး မြို့နယ်လေးခုမိုးရေချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးဇလ ကထုတ်ပြန်ထားသည်။ ရန်ကုန် (ကမ္ဘာအေး၊ မင်္ဂလာဒုံ၊ မှော်ဘီ) နှင့် မအူပင်တို့တွင် မိုးရေချိန် စံချိန်သစ်တင်ခဲ့သည်။ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအား နည်းရပ်ဝန်းဆက်လက်တည်ရှိ နေပြီး ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်၊ မွန် ပြည်နယ်တို့၌ မိုးကြီးနိုင်ကြောင်း မိုးဇလက သတင်းထုတ်ပြန်ထား သည်။ ကမ်းရိုးတန်းဒေသများ တွင် လေပြင်းသတိပြုရန်လည်း သတိပေးထားသည်။


Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို