မြန်မာ့အားကစား ကမ္ဘာလွှမ်းအောင် ဆောင်ရွက်ပေးတဲ့ ကြက်တောင်ရိုက် ချန်ပီယံ မသက်ထားသူဇာ



မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေတဲ့သူတွေထဲ ကြက်တောင်ရိုက်မယ် မသက်ထားသူဇာကလည်း အပါအဝင်ပါ။

အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ် ကြီးမှူးပြီး အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်ထိ ကျင်းပခဲ့တဲ့ Egypt International Series 2018 ပြိုင်ပွဲမှာတော့ မသက်ထားသူဇာက ပွဲစဉ် တစ်ဆင့်ပြီး တစ်ဆင့် အနိုင်ရယူခဲ့ပါတယ်။

အမျိုးသမီး တစ်ဦးချင်း ဆီမီးဖိုင်နယ်မှာ အာဆီယံ ဒေသတွင်း ပြိုင်ဖက်ဖြစ်တဲ့ မလေးရှားကြက်တောင်မယ်ကို နှစ်ပွဲပြတ်နဲ့ အနိုင်ရပြီး ဖိုင်နယ်သို့ တက်ရောက်ခဲ့ပါတယ်။ ဖိုင်နယ်ပွဲစဉ်မှာတော့ ပြိုင်ဖက် ဘီလာရုစ် အားကစားမယ်က ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့လို့ တစ်ဦးချင်းဖိုင်နယ်ပွဲစဉ်မှာ  ပြိုင်ဖက်ကင်း ချန်ပီယံဆုကို သက်ထားသူဇာကပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

မသက်ထားသူဇာက အာရှဂျူနီယာ ကြက်တောင် ချန်ပီယံဟောင်း ဦးထွန်းထွန်းဇော်ရဲ့ သမီးဖြစ်ပြီး ဖခင်ဖြစ်သူကတော့ ၁၉၉၁ ခုနှစ်က အီရန်မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။

ကိုင်ရိုနိုင်ငံတကာ အားကစားကွင်းမှာ ပေးအပ်တဲ့ ဆုချီးမြှင့်ပွဲမှာတော့ ဒုတိယ ဘီလာရုစ်နိုင်ငံ၊ တတိယပူးတွဲ မလေးရှားနဲ့ ဆွစ်ဇာလန်တို့ကို ဖြတ်ကျော်ပြီး ပထမနေရာမှာ မြန်မာ့အလံကို လွှင့်ထူနိုင်အောင် မသက်ထားသူဇာက စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

မသက်ထားသူဇာရဲ့ ပြိုင်ပွဲပုံရိပ်တွေနဲ့ ဆုလက်ခံရယူတဲ့ အထိမ်းအမှတ် ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ် ရိုးရာလေးပရိသတ်တို့ရေ။

Ref: badmintonasia.org.com, Thae Thae's facebook
Alice May (ရိုးရာလေး)
www.yoyarlay.com

#AM_yyl #sports_yyl #News_yyl


Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို