သမ္မတ ထရမ့်ရဲ့ ဇနီး စီနင်းတဲ့ လေယာဉ်မှာ မီးခိုးတွေ ထွက်လာတာကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ရ


နယူးယောက်၊ အောက်တိုဘာ ၁၈ ။             ။ အမေရိကန်ရဲ့ First Lady မယ်လန်နီယာထရမ့်ကို တင်ဆောင်လာတဲ့ လေယာဉ်ဟာ ကိုယ်ထည်တွင်းမှာ မီးခိုးတွေ ထွက်လာတာကြောင့် နောက်ကြောင်းပြန်ဆင်းသက်ခဲ့ရပါတယ်။
အောက်တိုဘာ ၁၇ ရက်က သမ္မတ ထရမ့်ရဲ့  ဇနီး မယ်လန်နီယာဟာ ၀ါရှင်တန်နေ ဖီလာဒဲလ်ဖီးယားကို ပျံသန်းဖို့ လေယာဉ်စီးနင်းချိန်မှာ  စက်ချို့ယွင်းမှု အသေးစားဖြစ်ပြီး ခုလို ကြုံတွေ့လိုက်တာဖြစ်ကြောင်း သူ့ရဲ့ ပြောခွင့်ရှိသူ စတီဖန်နီဂရစ်ဟမ်းက ဆိုပါတယ်။
“အားလုံး ကောင်းပါတယ်။ အားလုံးလည်း ဘေးကင်းပါတယ်။”လို့ ထုတ်ပြန်ချက်မှာ ဂရစ်ဟမ်းက ပြောထားပါတယ်။
ဝါရှင်တန်ဒီစီ အပြင်ဖက် အိမ်ဖြူတော်က အသုံးပြုရာ လေတပ်ရဲ့ Joint Base Andrews လေဆိပ်ကို မယ်လန်နီယာထရမ့်ရဲ့ လေယာဉ်က ပြန်လည်ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။
လေယာဉ်ပေါ် အတူလိုက်ပါတဲ့ သတင်းထောက်တွေက မီးခိုးတွေ ထွက်လာတာကို စမြင်ပြီး ပြောဆိုသတိပေးကြတာဖြစ်ပါတယ်။
မီးခိုးတွေ ပြန်လည်ပျောက်ကွယ်သွားပြီးမှာ လေယာဉ်ဟာ နောက်ထပ်တစ်စုံတစ်ရာ မတော်တဆမှု မဖြစ်ဘဲ ဆင်းသက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
မယ်လန်နီယာဟာ ဖီလာဒဲလ်ဖီးယားက ဆေးရုံကို သွားရောက်ကြည့်ရှုမယ့်  ခရီးစဉ်မှာ ခုလို ကြုံတွေ့တာလို့ သိရပါတယ်။

Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို