အောင်လအန်ဆန်ကို တပ်မတော်ကာကွယ်ရေးဦးစီးချူပ်မှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်းတစ်ရာနှင့် ဂုဏ်ပြုစာလွှာတို့ကို ပေးအပ်ခဲ့

အောက်တိုဘာ ၂၈ ။ ။ စိန်ခေါ်သူ လက်ဘနွန်နိုင်ငံသား မိုဟာမက်ခရာကီအား ဒိုင်ပွဲရပ်ဖြင့် အလဲထိုး အနိုင်ရရှိခဲ့သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံနှင့် မစ်ဒယ်ဝိတ်တန်း လက်ရှိကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်လအန်ဆန်ကို တပ်မတော်ကာကွယ်ရေးဦးစီးချူပ်မှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်းတစ်ရာနှင့် ဂုဏ်ပြုစာလွှာတို့ကို ပေးအပ်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၂၆ ရက်နေ့ညက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ပြုလုပ်သည့်  Pursuit of Greatness ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်သည့် အဆိုပါနှစ်ဦး၏ ပွဲစဉ်တွင် ပွဲစပြီး (၂) မိနစ် နှင့် (၂၁) စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် အောင်လအန်ဆန်က ၎င်း၏ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ တွဲဆိုင်းမှာ ငါးချီဖြစ်သော်လည်း ပထမအချီမှာပင် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

အောင်လအန်ဆန်၏ အနိုင်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက အောက်တိုဘာ ၂၇ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ ထိုသို့ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အောင်လအန်ဆန် လက်မှတ်ရေးထိုးထားသည့်အင်္ကျီနှင့် One Championship ပိုစတာတို့ကို အမှတ်တရ လက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည်ဟုလည်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိ ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်လအန်ဆန်၏ ယခု အနိုင်ရရှိခဲ့သည့် ပွဲမှာ  သူ့အနေဖြင့် မြန်မာနိုင်ငံတွင် နောက်ဆုံး ထိုးသတ်ခဲ့သည့် ပွဲဖြစ်ပြီး လာမည့် မတ်လတွင် ဂျပန်တွင် သွားရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

Tags:
အောင်လ


Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို