ဘားအံထောင်ဖောက်မှု တာဝန်ရှိသူများ တာဝန်မှ ရပ်စဲခံရရန် သေချာဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြောကြား
ဘားအံအကျဉ်းထောင် မှ အကျဉ်းသား ၄၂ ဦး ထွက်ပြေး သည့် ဖြစ်ရပ်တွင် အတွင်းလူ ပူး ပေါင်းကျူးလွန်မှုရှိ၊ မရှိ စစ်ဆေး နေကာ ထောင်တာဝန်ရှိသူများ တာဝန်မှ ရပ်စဲခံရမည်မှာ သေချာကြောင်း ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။စက်တင်ဘာ ၁၆ ရက်က ဘားအံအကျဉ်းထောင်မှ အကျဉ်းသားများ ထွက်ပြေးလွတ်မြောက် သည့်ဖြစ်ရပ်နှင့် ပတ်သက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့က အောက်တိုဘာ ၆ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ၌ အထက်ပါအတိုင်း ပြောကြားသည်။ ထောင်ဖောက်မှုကို ပြည်ထဲရေးဝန်ကြီး၏ညွှန်ကြားမှုဖြင့် စုံ စမ်းစစ်ဆေးနေသည်။
‘‘စစ်ဆေးရေးပြီးရင်တော့ အနည်းဆုံးကတော့ တာဝန်ကနေ ရပ်စဲခံရမှာ သေချာပါတယ်’’ ဟု ဝန်ကြီးချုပ်က ပြောကြားသည်။
အကျဉ်းသား ၄၂ ဦးသည် ထောင်ပိုင်အမှိုက်ကားကို လုယူ ပြီး ထောင်တံခါးအဆင့်ဆင့်ကို ကားဖြင့် တိုက်ဖွင့်ကာ ထွက်ပြေး လွတ်မြောက်ခြင်းသည် ထောင်ဝန်ထမ်းအချို့ ပူးပေါင်းလုပ် ဆောင်ဖွယ်ရှိသည်ဟု အကျဉ်းဦး စီးဌာန အငြိမ်းစားအရာရှိကြီးအ ချို့နှင့် လူထုက ဝေဖန်ထားသည်။
‘‘အတွင်းလူပါတယ်၊ မပါ ဘူးဆိုတာက သူတို့(စစ်ဆေးရေး အဖွဲ့) အသေးစိတ်စစ်ဆေးရေး ဝင်နေပါတယ်။ အတွင်းလူလည်း ပါကောင်းပါနိုင်ပါတယ်’’ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။
‘‘အကျဉ်းထောင်မှာက သာ မန်ထားရမယ့် အကျဉ်းသားထက် ကို ပိုနေတယ်။ သုံးဆလောက်ပို နေတယ်။ ၇၀၀ ထားရမှာကို နှစ်ထောင်ကျော်ထားရတယ်ဆို တော့ အဲဒီဟာကိုက ပြဿနာ တစ်ခုခုဖြစ်ဖို့က များနေပြီ’’ဟု ဝန်ကြီးချုပ်က ဆိုသည်။
ဘားအံအကျဉ်းထောင်ဖြစ် စဉ် စုံစမ်းစစ်ဆေးနေစဉ် ထောင်ပိုင်နှင့် ထောင်မှူးကို အင်းစိန်အ ကျဉ်းထောင်နှင့် အကျဉ်းဦးစီး ဌာနရုံးချုပ်သို့ ပြောင်းရွှေ့ထား သည်။ ယာယီထောင်ပိုင်အဖြစ် အင်းစိန်အကျဉ်းထောင်သင်တန်း ကျောင်း ကျောင်းအုပ်ကြီး လက် ထောက်ညွှန်ကြားရေးမှူး ဦးညွန့် ဝင်းကို အစားထိုးတာဝန်ပေးအပ် ထားသည်။ ပြည်ထဲရေးဝန်ကြီး အစီအစဉ်ဖြင့် စုံစမ်းစစ်ဆေးမှု များကို ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြရန် ဝန်ကြီးချုပ်က တောင်းဆိုထားသည်။
ထွက်ပြေးအကျဉ်းသား ၄၂ ဦးအနက် အောက်တိုဘာ ၆ ရက် အထိ ၂၆ ဦး ပြန်ဖမ်းမိပြီး ၁၆ ဦး လွတ်မြောက်နေသည်။ ထွက်ပြေးမှုကို ဦးဆောင်သည့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျ ကျော် မိန်လနှင့် အခြားတစ်ဦးသည် လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံ၍ ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။ ထွက်ပြေးလွတ် မြောက်နေသူများကို လက်ခံမထားရန်နှင့် မသင်္ကာဖွယ်ရာ တွေ့ရှိပါက သတင်းပေးရန် ပြည်နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။
Comments
Post a Comment