ဘိုးဘွားပိုင်မြေ ပြန်ရလိုမှုဖြင့် မသန်စွမ်းသူတစ်ဦး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် အောက်တိုဘာ ၂၆ရက်နေ့ နံနက်ပိုင်းက မိဘဘိုးဘွားပိုင်မြေနေရာ ပြန်ရလိုမှုဖြင့် တစ်ကိုယ်တော် ဆန္ဒပြမှုဖြစ်ပွားခဲ့သည်။
မိဘဘိုးဘွားပိုင်မြေနေရာအားသစ်တောဌာနမှ အဆောက်အဦဆောက်လုပ်ထားမှုအတွက် ပြန်လည်ရလိုကြောင်း သက်ဆိုင်ရာသို့တင်ပြထားသော်လည်း ကြန့်ကြာနေမှုအတွက် မကျေနပ်သောကြောင့် ပဒါန်းကျေးရွာ အမှတ် ၃ရပ်ကွက်နေဦးအောင်နိုင်လင်း(ခ) ကိုပေါက်ကြီး မသန်စွမ်းမှ ဥပဒေနှင့် အညီသက်ဆိုင်ရာ ခွင့်ပြုချက်ရယူ၍ ချိုင်းထောက်ဖြင့် ပဒါန်းသစ်ပုံဆိပ်မှ ရင်းရှည်တိုးဂိတ်အထိ ပုသိမ်မုံရွာလမ်းအတိုင်းဆိုင်းဘုတ်ကိုင်ဆောင် ကြွေးကြော်ကာ ဆန္ဒပြခဲ့သည်။
သတင်း -တင်ရွှေ(မဇ္ဈိမ)
ဓာတ်ပုံ - ခင်လတ်(ပဒါန်း)
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ


Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို