သရုပ်ဆောင် တေးသံရှင် မင်းသွေး၏ ဈာပနအခမ်းအနား ရေဝေးသုဿန်တွင် ပြုလုပ်

သရုပ်ဆောင် တေးသံရှင် မင်းသွေး၏ ဈာပနအခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုဿန်တွင် ယနေ့ (အောက်တိုဘာလ ၇ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

သရုပ်ဆောင် တေးသံရှင် မင်းသွေး၏ နောက်ဆုံးခရီးကို အနုပညာရှင် လုပ်ဖော်ကိုင်ဖက်များစွာနှင့် ပရိသတ်များစွာ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

သရုပ်ဆောင် တေးသံရှင် မင်းသွေးသည် အောက်တိုဘာ ၃ ရက် ညပိုင်းက ဘောလုံးကစားရင်း အမောဖောက်ကာ ရုတ်တရက် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် တေးသံရှင် မင်းသွေးသည် အကယ်ဒမီနေတိုး၏ ညီအရင်းဖြစ်ပြီး မောင်နှမ လေးဦးရှိသည့် အနက် တတိယမြောက်သား ဖြစ်ကြောင်း သိရသည်။

မင်းသွေးသည် အနုပညာလောကအတွင်း ထင်ရှားသူတစ်ဦး ဖြစ်သည့်အပြင် ဘောလုံးအားကစားကို ၀ါသနာပါလွန်းသူ တစ်ဦးဖြစ်သည့်အတွက် သရုပ်ဆောင် တေးသံရှင် မင်းသွေး ရုတ်တရက် ကွယ်လွန်ခြင်းအတွက် အနုပညာရှင်များနှင့် ပရိသတ်များက အံ့အားသင့် ၀မ်းနည်းခဲ့ကြခြင်း ဖြစ်သည်။

သရုပ်ဆောင် မင်းသွေး ကွယ်လွန်ချိန်တွင် အသက် ၃၃ နှစ် ရှိပြီဖြစ်ပြီး ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးထားသည့် “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားအား ရုံတင်ပြသနိုင်ရန် စောင့်ဆိုင်းနေချိန် ဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် မင်းသွေး မကွယ်လွန်မီ စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် ကွယ်လွန်မည့် ညတွင်ပင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ ဘောလုံးသွားကစားရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - အောင်မျိုးသန့်၊ မျိုးထက်ပိုင်


Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို