နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ မဲခေါင်ဒေသ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် ကစားသမားများအား တွေ့ဆုံ

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ Mekong -Japan Summit Ceremony အခမ်းအနားမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (H.E Shinzō Abe) နဲ့ မဲခေါင်ဒေသ အာဆီယံ ဝန်ကြီးချုပ်တွေဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ Akasaka Palace ဟိုတယ်မှာ မဲခေါင်ဒေသတွင်း နိုင်ငံတွေက ဘောလုံး အဖွဲ့ချုပ်တွေ ဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့က ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေ အတွင်းရေးမှူးများနှင့် ယူ၁၇ အသင်းခေါင်းဆောင်များကို ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်ခဲ့ကြပါတယ်။

အဆိုပါ အခမ်းအနားမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်နှင့် မဲခေါင် ဒေသတွင်းနိုင်ငံများ ပိုမိုချစ်ကြည်ရင်းနှီးမှု ရရှိစေဖို့အတွက် ယခုလို ဘောလုံး အားကစားဖြင့် ဆက်ဆံပူးပေါင်း ဆောင်ရွက်ခြင်းမှာ များစွာ အကျိုးရှိပါကြောင်း၊ ဂျပန်-မဲခေါင် ယူ၁၇ ပြိုင်ပွဲကဲ့သို့ ဖိတ်ခေါ်ပြိုင်ပွဲများဖြင့် ဒေသတွင်းနိုင်ငံများ ပိုမိုချစ်ကြည်ရင်းနှီးမှု ရရှိသည့် အတွက် များစွာ ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ မဲခေါင်ဒေသတွင်း ဘောလုံး အားကစား အဆင့်အတန်းလည်း ပိုမို မြင့်မား လာစေရန် ဆန္ဒပြုပါကြောင်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

မဲခေါင် ဒေသတွင်းနိုင်ငံများ ဘောလုံးလောက ပိုမို ဖွံ့ဖြိုးရေးအတွက် ယနေ့မနက် (၈း၀၀)နာရီမှာလည်း တိုကျိုမြို့မှာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဂျပန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အထွေထွေ အတွင်းရေးမှူးများ အတူတကွ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုမှာ မဲခေါင်ဒေသ ဘောလုံးအဖွဲ့ချုပ် တစ်ရပ် ထူထောင်ဖွဲ့စည်းပြီး ဒေသတွင်း နိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကာ လူငယ်ပြိုင်ပွဲများ ပိုမိုကျင်းပနိုင်ရေး၊ အမျိုးသား အမျိုးသမီးနှင့် သက်တမ်းအလိုက် ပြိုင်ပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ နည်းစနစ်နှင့် ပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ လူငယ် ဘောလုံးပွဲတော်တေါ ကျင်းပခြင်းတို့ပါဝင်ခဲ့ပါတယ်။

အခမ်းအနားအပြီးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (H.E Shinzō Abe) နဲ့ မဲခေါင်ဒေသ အာဆီယံ ဝန်ကြီးချုပ်တို့က MFF ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာ ယူ၁၇ အသင်းခေါင်းဆောင် နောင်နောင်စိုးနဲ့ ဂျပန်-မဲခေါင် ယူ၁၇ ဖိတ်ခေါ်ပြိုင်ပွဲဝင် အသင်းတွေက အသင်းခေါင်းဆောင်များ၊ မဲခေါင်ဒေသ နိုင်ငံတွေက ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကာ လက်ဆောင်ပစ္စည်းတွေ အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။

Ref: MFF's Facebook
Team (ရိုးရာလေး)
www.yoyarlay.com

#Team_yyl #Sports_yyl #MFF


Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို