ဆေးရုံတက်နေသော လွှတ်တော်အမတ်၏ ဖုန်းနှင့်ပိုက်ဆံအိတ် ခိုးယူခံရ

ှိုင်သာယာမြို့နယ် မဲ ဆန္ဒနယ်အမှတ်(၂)တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦး မြတ်မင်းသူသည် အူအတက် ရောင်ရောဂါ ဖြစ်ပွားသော ကြောင့် လှိုင်သာယာမြို့နယ်ဆေး ရုံတွင် တက်ရောက်ကုသနေစဉ် ၎င်း၏ဖုန်းနှင့်ပိုက်ဆံအိတ် ခိုးယူခံ ခဲ့ရသည်။


‘‘ကျွန်တော်လည်း ညပိုင်း မှာဆေးထည့်နေရလို့ မနက် ၂ နာရီလောက်အထိ မအိပ်သေး ဘူး။ လူနာစောင့်နေတဲ့သူတွေ လည်း မအိပ်သေးဘူး။ နောက် ၂ နာရီခွဲလောက်ကြာမှ ကျွန်တော် တို့တွေ အကုန်အိပ်ပျော်သွား တယ်။ ၄ နာရီခွဲလောက်ပြန်နိုး တော့ ပစ္စည်းတွေမရှိတော့ဘူး’’ ဟု ဦးမြတ်မင်းသူက ပြောသည်။

ခိုးယူခံရသော ပိုက်ဆံအိတ် တွင် ကျပ်သုံးသိန်းရှစ်သောင်း၊ ကမ္ဘောဇဘဏ်ကတ်(ATM)၊ မှတ်ပုံတင်နှင့် ဖုန်းတစ်လုံးပါသွား ကြောင်း ၎င်းကပြောသည်။

        ‘‘ပိုက်ဆံသုံးသိန်းရှစ်သောင်း ရယ်၊ ကိုယ်စားလှယ်လစာပေးတဲ့ ကမ္ဘောဇဘဏ်ကတ်ရယ်၊ ဖုန်း အစုတ်လေးတစ်လုံးရယ်ပါသွား တယ်။ ကတ်ကို လှမ်းပိတ်ထား တယ်။ မှတ်ပုံတင်ပါသွားတယ်။ ဖုန်းကတော့ အကောင်းကြီး မဟုတ်ပါဘူး။ အစုတ်ပါ’’ ဟု ၎င်း က ပြောသည်။

လက်ရှိတွင် လှိုင်သာယာမြို့ နယ်မှူးက အမှုဖွင့်အရေးယူရန် လိုအပ်သည်များကို ဆောင်ရွက် မည်ဟု ဆေးရုံသို့လာရောက်ပြော ကြားခဲ့ကြောင်း ၎င်းကပြော သည်။

‘‘လုံခြုံရေးနဲ့ဆိုင်သလို တ ရားဥပဒေစိုးမိုးရေးနဲ့ဆိုင်တာ ပေါ့။ လှိုင်သာယာမှာ တရားဥပ ဒေစိုးမိုးရေးက တကယ့်ကိုအပီအ ပြင်လုပ်ဖို့လိုအပ်နေပြီဆိုတာ တောက်လျှောက်ပြောခဲ့တာ။ ကျွန်တော်ဖြစ်မှပြောတာမဟုတ် ဘူး။ အစကတည်းက ပြောခဲ့တာ။ လက်ရှိဆောင်ရွက်နေတာထက် ပိုတိုးမြှင့်ပြီးတော့ ဆောင်ရွက် သင့်တယ်။ ဆေးရုံလိုနေရာမျိုးမှာ မဖြစ်သင့်ဘူး’’ ဟု ဦးမြတ်မင်းသူ က ပြောသည်။

ဦးမြတ်မင်းသူသည် အူအ တက်ရောင်ရောဂါဖြစ်ပွားမှု ကြောင့် ဆေးကုသမှုခံယူနေရပြီး အနည်းငယ်သက်သာလာပြီဖြစ် ကြောင်း သွားရောက်တွေ့ဆုံခဲ့ သည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမောင်၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားထား သည်။


Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို