စရဖတပ်ဖွဲ့ဝင်တစ်ဦး လုပ်ကြံခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူများကို ရုံးထုတ်ရမန်ယူ

စစ်တွေမြို့တွင် စစ် ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) တစ်ဦး လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ ရခိုင်လူငယ်သုံးဦးကို ရုံးထုတ်၍ နောက်ထပ် ချုပ်ရမန်နှစ်ပတ်ယူခဲ့ သည်။


အဆိုပါ လူငယ်သုံးဦးကို အောက်တိုဘာ ၂၂ ရက်က စစ် တွေမြို့နယ် တရားရုံးတွင် ရုံး ထုတ်ရမန်ယူပြီး စရဖတပ်ဖွဲ့ဝင် အသတ်ခံရမှုနှင့်ပတ်သက်၍ အ ဓိကစစ်ဆေးနေကြောင်း ဖမ်းဆီးခံထားရသူ ကိုအောင်ဇော်လင်း က ပြောသည်။

‘‘စရဖ တပ်ဖွဲ့ဝင် အသတ်ခံရတာကို အဓိကစစ်ဆေးတယ်။ ကျန်တာတွေ သိပ်စစ်ဆေးမှုမရှိဘူး။ ဖိအားပေးခံရ တာတွေတော့ မရှိသေးပါဘူး’’ ဟု ၎င်းက ဆိုသည်။

စက်တင်ဘာ ၂၅ ရက်က စစ်တွေမြို့ ဝင်္ကဘာကွင်း ဈေး ရောင်းပွဲတော်တွင် စရဖတပ်ဖွဲ့ ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရပြီး ရခိုင်လူငယ်သုံးဦးဖြစ်သည့် ဘူးသီးတောင်မြို့ခံ ကိုအောင်ဇော်လင်း၊ ပေါက်တော မြို့ခံ ကိုခိုင်ဘိုဘိုနှင့် ရသေ့တောင် မြို့ခံ ကိုမေယုထွန်းတို့ကို အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင် ဖမ်းဆီးခဲ့သည်။

၎င်းတို့သုံးဦးကို နိုဝင်ဘာ ၅ ရက်သို့ ထပ်မံရုံးချိန်းထားသည်။


Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို