စစ်တွေ အုန်းတောချေ ကျေးရွာ ကယ်ဆယ်ရေး စခန်းတွင် မီးလောင်၍ လူခြောက်ဦး သေဆုံး

စစ်တွေမြို့နယ် ဆေးသမားကျေးရွာအုပ်စု အုန်း တောချေကျေးရွာကယ်ဆယ်ရေး စခန်းတွင် ညအချိန်မီးလောင် ကျွမ်းသဖြင့် လူခြောက်ဦးသေဆုံး ပြီး ရှစ်ခန်းတွဲအိမ် ၁၅ ဆောင်ဆုံး ရှုံးခဲ့ကြောင်း ရခိုင်ပြည်နယ်မီး သတ်ဦးစီးဌာနက သတင်းထုတ် ပြန်သည်။


အောက်တိုဘာ ၁၈ ရက်ည ၁၁ နာရီခွဲတွင် ဖြစ်ပွားပြီး အ ဆောင်အမှတ်(၁၂) အခန်း(၁)ရှိ မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် လောင်ကျွမ်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

‘‘သေဆုံးသွားတာက အမျိုး သားတစ်ဦး၊ အမျိုးသမီးငါးဦးဖြစ် ပါတယ်။ မီးဘေးသင့်သူတွေကို နီးစပ်ရာဆွေမျိုးတွေဆီမှာ ယာ ယီချထားပေးပါတယ်’’ ဟု ရခိုင် ပြည်နယ် မီးသတ်ဦးစီးဌာန တာ ၀န်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုကို မီး သတ်တပ်ဖွဲ့ဝင်များက ၀ိုင်းဝန်း ငြှိမ်းသတ်ရာ ညဥ့် ၁ နာရီကျော် တွင် မီးငြိမ်းပြီး မီးဘေးသင့်ပြည် သူ ၈၀၀ ကျော်ရှိကြောင်း ထုတ် ပြန်ချက်၌ ရေးသားထားသည်။


Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို