ပင်လယ်ထဲ ပျက်ကျတဲ့ အင်ဒိုနီးရှား လေယာဉ်ရဲ့ Black Box ကို တွေ့ရှိပြီလို့ အတည်ပြု



ဂျကာတာ၊ နိုဝင်ဘာ ၁

ဒီသီတင်းပတ်အစောပိုင်းမှာ ဂျာဗားပင်လယ်ထဲ ပျက်ကျခဲ့တဲ့ လူ ၁၈၉ ဦးပါ Lion Air လေယာဉ်ရဲ့ Black Box နှစ်လုံးမှ တစ်လုံးကို ရှာဖွေတွေ့ရှိပြီလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက နိုဝင်ဘာ ၁ ရက်မှာ အတည်ပြုပြောပါတယ်။

ရေငုပ်သမားတွေဟာ ပျက်ကျလေယာဉ်ရဲ့ လေယာဉ်မှူးအခန်းက အသံမှတ်တမ်းစက်ကို ရှာဖွေစဉ်မှာ လေယာဉ်ပျံသန်းမှုမှတ်တမ်း Black Box ကို တွေ့ရှိတာလို့ အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီမှ ညွှန်ကြားရေးမှူးဖြစ်သူ မိုဟာမတ်ဆိုင်အောဂျီက သတင်းမီဒီယာကို ပြောခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျတဲ့ ရပ်ဝန်းဖြစ်တဲ့ ဂျကာတာအနီး ကာရာဝန်အငူ ကမ်းလွန်မှာ နိုဝင်ဘာ ၃၁ ရက်ကစပြီး ဆက်တိုက်အချက်ပြမှုတွေကို ထောက်လှမ်းတွေ့ရာက ရေအောက် ပေ ၁၀၀ အနက်က လေယာဉ်ပျက်ဆီက Black Box ကို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့က ပြန်လည်ဆယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒီ Black Box ကို အမျိုးသားသယ်ယူပို့ဆောင်ရေးလုံခြုံဘေးကင်းမှုကော်မတီထံ လက်လွှဲပေးမှာ ဖြစ်ပါတယ်။ ဒီကော်မတီကနေပြီး တစ်လအတွင်းမှ Black Box က ရရှိတဲ့ ကနဦးအချက်အလက်ကို ထုတ်ပြန်ဖွယ် ရှိပေမယ့် အပြည့်အ၀ သုတေသနအကဲဖြတ်ဖို့အတွက် အချိန် ခြောက်လခန့် ကြာနိုင်ကြောင်း သိရပါတယ်။

ခရီးသည်နဲ့ အမှုထမ်း ၁၈၉ ဦး လိုက်ပါသွားတဲ့ Boeing 737 Max လေယာဉ်ကြီးဟာ ဂျကာတာကနေ ဘန်ကာကျွန်းက ပန်ကယ်ပီနန်မြို့ဆီ အောက်တိုဘာ ၂၉ ရက်က ပျံသန်းချိန် ပင်လယ်ထဲ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

ဂျကာတာကနေ ပျံသန်းပြီး ၁၃ မိနစ်မှာ ရေဒါကနေ ဒီလေယာဉ်ဟာ ပျောက်ဆုံးသွားတာကြောင့် မြေပြင်လေကြောင်းထိန်းချုပ်ရေးဌာနက ပြန်လှည့်လာဖို့ ပြောချိန်မှာ ဂျဗားပင်လယ်ထဲ ထိုးကျသွားခဲ့တာပဲ ဖြစ်ပါတယ်။
EFE_EPA


Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို