ဟောလိဝုဒ်ကျော်ကြားသူများလျှောက်လမ်းမှာ ကြယ်ပွင့်ရေးထိုးဂုဏ်ပြုခံရမယ့် မိုက်ကယ်ဘူဘယ်လ်
ကနေဒါအဆို တော် သီချင်းရေးဆရာ မိုက် ကယ်ဘူဘယ်လ်သည် ဟောလိ ၀ုဒ်ကျော်ကြားသူများလျှောက် လမ်းတွင် အမည်ကြယ်ပွင့်ရေး ထိုးဂုဏ်ပြုခံရမည်ဖြစ်သည်။
အသက်(၄၃)နှစ်အရွယ် မိုက်ကယ်ဘူဘယ်လ်သည် ဟော လိဝုဒ်လောက၏ အကျော်အမော် များအား အမည်ရေးထိုးဂုဏ်ပြု သောအဆိုပါလျှောက်လမ်း၌ နို ၀င်ဘာ ၁၆ ရက်တွင် ကြယ်ပွင့် ရေးထိုးဂုဏ်ပြုခံရမည်ဖြစ်သည်။
တစ်ကမ္ဘာလုံးတွင် တေး အယ်လ်ဘမ်အချပ်ရေသန်း ၆၀ ကျော်ရောင်းချခဲ့ရသော ဂရမ်မီ ဆုလေးဆုပိုင်ရှင် ဘူဘယ်လ် သည် ကျော်ကြားသူများလျှောက် လမ်းတွင်ဂုဏ်ပြုခံရမည့်ထိုနေ့၌ ပင် ၎င်း၏ ၁၀ ခုမြောက်အယ်လ် ဘမ် Love ကို ဖြန့်ချိမည်ဖြစ်သည်။
‘Home, Everything, Haven’t Met You Yet နှင့် It’s a Beautiful Day’ စသည့်သီချင်း များဖြင့် လူသိများသော ဘူ ဘယ်လ်က Love အယ်လ်ဘမ် ပရိုမိုးရှင်းအတွက် ဂီတခရီးစဉ် တစ်ခုကို ၂၀၁၉ တွင် အမေရိကန် နှင့် ကနေဒါနိုင်ငံတို့၌ ဖျော်ဖြေ မည်ဟု ပြောသည်။ UPI
Comments
Post a Comment