အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် အမြင့်ဆုံးဂုဏ်ပြုဆုကို ပြန်လည်ရုပ်သိမ်း
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ပေးအပ်ထားသော အပြည် ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့၏ အမြင့်ဆုံးဂုဏ်ပြုဆု ကို ပြန်လည်ရုပ်သိမ်းကြောင်း ယင်းအဖွဲ့အစည်းက နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။ူဒ်ါအောင်ဆန်းစုကြည် သည် မြန်မာတပ်မတော်က ကျူး လွန်သော ရက်စက်ကြမ်းကြုတ် မှုများကို မသိကျိုးကျွန်ပြုနေခြင်း နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်တို့ကို သည်းခံခွင့်လွှတ်မှု ပိုမိုနည်းပါးလာသဖြင့် ယင်းသို့ ရုပ်သိမ်းခြင်းဖြစ်ကြောင်း ထုတ် ပြန်ကြေညာချက်၌ ဖော်ပြသည်။
အပြည်ပြည်ဆိုင်ရာ လွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့သည် အဆို ပါ အမြင့်ဆုံးဂုဏ်ပြုဆုကို ၂၀၀၉ တွင် ပေးအပ်ချီးမြှင့်ခဲ့ပြီး ယင်းဆုရုပ်သိမ်းရန် နိုဝင်ဘာ ၁၁ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံသို့ စာဖြင့်ရေးသားပေးပို့ ခဲ့သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် အကြမ်းဖက်ခံရမှု ဖြစ်ပွားပြီး နောက် လွန်ခဲ့သည့် တစ်နှစ်အ တွင်း ဆုတံဆိပ်ခုနစ်ခုကို အ နောက်နိုင်ငံများက ပြန်လည်ရုပ် သိမ်းခဲ့သည်။ မြန်မာ့ဒီမိုကရေစီ ပြယုဂ် ဒေါ်အောင်ဆန်းစုကြည် အား ပေးအပ်ချီးမြှင့်ထားသည့် နိုဗယ်ငြိမ်းချမ်းရေးဆုကို ရုပ်သိမ်း မည်မဟုတ်ကြောင်း နိုဗယ်ဖောင် ဒေးရှင်းက အောက်တိုဘာတွင် အတည်ပြုပြောကြားထားသည်။
အနောက်နိုင်ငံများက ပေး အပ်ထားသည့်ဆုများ ရုပ်သိမ်းခံ ရခြင်းနှင့် ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်က ဆုတံဆိပ်၊ ဂုဏ်ပြုမှုများကို အလေးမထား ကြောင်းနှင့် ဆုများသည် သင်္ခါရ သာဖြစ်ကြောင်း ပြီးခဲ့သော အောက်တိုဘာက NHK သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြား ထားသည်။
Comments
Post a Comment