ရှမ်းပြည်နယ် တောင်ကြီးမြို့မဈေးရှေ့အနီးတွင် ဗုံးနှစ်လုံးတွေ့ရှိခဲ့ပြီး တစ်လုံးကို ဖောက်ခွဲဖျက်ဆီးကာ တစ်လုံးအား သက်ဆိုင်ရာက ဆက်လက်စစ်ဆေးနေ



ရှမ်းပြည်နယ် တောင်ကြီးမြို့မဈေးရှေ့အနီးတွင် ဗုံးနှစ်လုံးတွေ့ရှိခဲ့ပြီး တစ်လုံးကို  ဖောက်ခွဲဖျက်ဆီးကာ တစ်လုံးအား သက်ဆိုင်ရာက ဆက်လက်စစ်ဆေးနေကြောင်း တောင်ကြီးမြို့ ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် တောင်ကြီးမြို့မဈေးအရှေ့ဘက် မီးပွိုင့်ထောင့်တွင် မသင်္ကာစရာ သေတ္တာတွေ့ရှိသဖြင့် သက်ဆိုင်ရာမှ စစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ သေတ္တာအား တပ်မတော်အပါအ၀င်အဖွဲ့စုံမှ စစ်ဆေးချက်များအရ ဗုံးဟု သတ်မှတ်ခဲ့ပြီး နေ့လည် ၃ နာရီခွဲတွင် အဆိုပါဗုံးကို တပ်မတော်က ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။ ယင်းသို့ဖောက်ခွဲဖျက်ဆီးခဲ့ရာတွင် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် မြို့မဈေးအနီးရှိ Ocean - City Square စင်တာ ဒုတိယထပ်တွင်လည်း ဗုံးတစ်လုံး ထပ်မံတွေ့ရှိခဲ့ရာ ဆက်လက်စစ်ဆေးနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် ဒေသခံတစ်ဦးက ပြောကြားသည်။ တောင်ကြီးမြို့တွင် ဗုံးတွေ့ရှိမှုများနှင့် ပတ်သက်ပြီး သတင်းများကို ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

စည်သာ

Photo - ကိုထွန်း

Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို