မောင်တောမြို့နယ်တောင်ပိုင်းတွင် ဘင်္ဂလီကျေးရွာများမချထားရေး ဆန္ဒထုတ်ဖော်
ချလူးအောင်/DMG
နိုဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းတွင် မောင်တော ရသေ့တောင် ဘူးသီးတောင်မြို့များမှ ပြည်သူများသည် မောင်တောမြို့မကျောင်းတွင် စုရပ်ဖွဲ့ကာ မောင်တောမြို့နယ်တောင်ပိုင်း နှင့် ရသေ့တောင်နယ်မြို့နယ်တွင် ဘင်္ဂလီများအား နေရာမချထားရေးအတွက် ဆန္ဒဖော်ထုတ်ကြသည်။
မောင်တောမြို့နယ် တောင်ပိုင်းသည် ပင်လယ်ထွက်ပေါက်ဖြစ်သည့်အပြင် ပထ၀ီအနေအထားနှင့်နိုင်ငံ၏ လုံခြုံရေးအရပါ အလွန်အရေးပါသည့် နေရာဖြစ်သောကြောင့် ၎င်းနေရာဒေသမှာ ပြန်ဝင်လာသည့် ဘင်္ဂလီလူမျိုးများကို နေရာချထားမပေးရန် ဆန္ဒပြကြခြင်းဟု ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူများက ဆိုသည်။
ဆန္ဒဖော်ထုတ်ရာတွင် အကြမ်းဖက်ကင်းစင်ပြီး တရား ဥပဒေစိုးမိုးရေး မောင်တောတောင်ပိုင်း တိုင်းရင်းသားကျေးရွာများချထားပေးရေး နယ်စပ်ဖြတ်ကျော်ဘင်္ဂလီများအား သက်ဆိုင်ရာမှ အမြန်ဆုံးဖော်ထုတ်ပေးရေး တို့ကို ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒဖော်ထုတ်သူများသည် မြို့မကျောင်းမှ မင်းဘာကြီးလမ်းအတိုင်း ချီတက်လာပြီး မြို့မကညင်တန်း အလယ်သံကျော်ခွဆုံ မှ ချိုးကွေ့လျှက် ဦးဥတ္တမလမ်းအတိုင်း မြို့ကိုပတ်ပြီး မူကြိုကျောင်းလမ်းဆုံး ဗိုလ်ချင်းပျံလမ်း နှင့် သာဿနဗိမ္မာန် လမ်းအတိုင်း လည်ပတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဓာတ်ပုံ-ချလူးအောင်/DMG
Comments
Post a Comment