၂၀၂၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲကိစ္စ အရေးအကြီးဆုံးဟု ဒီချုပ်သုံးသပ်
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲကိစ္စသည် အလွန်အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ(၂)နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
‘‘ခင်ဗျားတို့လည်း ကြုံဖူးပြီး သားပါဗျာ။ ကျွန်တော်တို့ တပ်မဲ (တပ်ကြိုတင်မဲ) တစ်ခါမှ မရခဲ့ဖူးပါဘူး။ လူ ၁၀၀ မှာ ၁၀၀ စလုံးက တခြားပါတီ တစ်ခုတည်းပေးတယ်ဆိုတာ ဖြစ်နိုင်သလား စဉ်းစားကြည့်လိုက်။ ဒီမိုကရေစီလေ၊ ဟုတ်တယ် မဟုတ်လား။ ကျွန်တော်တို့ ၉၀ ခုနှစ် ကတည်းက မနိုင်ခဲ့ဘူး။ ၂၀၁၅ လည်း မရဘူး။ အခုလည်း မရဘူး။ အဲဒီတော့ ဘယ်လိုဖြစ်တာလဲ ခင်ဗျားတို့မေးပါ။ ဒါဒီမိုကရေစီလေ။ ဒါ ခင်ဗျားတို့ ဆောင်းပါးရေးရမယ်ထင်တယ်’’ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
ပြီးခဲ့သည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် ကြိုတင်မဲကိစ္စ ကြောင့် မြစ်ကြီးနား မဲဆန္ဒနယ် အတွင်း အငြင်းပွားမှုများရှိခဲ့သည့် အပေါ် ဒီချုပ် CEC အစည်းအဝေး အပြီး၌ မီဒီယာများ၏ မေးမြန်း မှုကို ဒေါက်တာဇော်မြင့်မောင် က ထည့်သွင်းဖြေကြားခြင်းဖြစ် သည်။
‘‘ကြိုတင်မဲဆိုတာကတော့ သင်ခန်းစာယူရမယ်။ သူ့မှာ မဲပေး ရမယ့် မဲပေးပိုင်ခွင့်အရည်အ သွေးတွေရှိပြီးသား။ ဒါ ကျွန်တော် တို့အတွက်ကတော့ ၂၀၂၀ အ တွက်ကတော့ ဒီကြိုတင်မဲက တော်တော်အရေးကြီးပါတယ်’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
တပ်မတော်၏ ကြိုတင်မဲ များ NLD ပါတီ မရရှိခြင်းသည် တပ်မတော်ကို မစည်းရုံးနိုင်သည့် သဘောလားဟု သတင်းထောက် တစ်ဦး၏ မေးမြန်းမှုကို အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် သဟဇာတဖြစ်ရေးကို ဦးတည် ကိုင်စွဲဆောင်ရွက်နေခြင်းဖြစ် သဖြင့် မမေးသင့်သော မေးခွန်း ဟုမြင်ကြောင်း ဒေါက်တာဇော် မြင့်မောင်က ပြန်လည်ဖြေကြား သည်။
ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ကြားဖြတ်ရွေး ကောက်ပွဲတွင် မြစ်ကြီးနား မဲဆန္ဒ နယ်၌ မဲပေးခွင့်ရှိသူ ၂၀၃,၀၀၀ ကျော်ရှိသည့်အနက် ၆၉,၀၀၀ကျော် မဲပေးခဲ့သည်။ ယင်းတို့အနက် တပ်ကြိုတင်မဲ အများစုပါဝင်သော ကြိုတင်မဲ စုစုပေါင်း ၅,၈၀၀ ကျော်ရှိသည်။
ကြိုတင်မဲများ မရေတွက်မီ မဲရလဒ်တွင် ကချင်ဒီမိုကရက် တစ်ပါတီကိုယ်စားလှယ်လောင်း ဦးကွမ်ဂေါင်အောင်ခမ်းက အသာရသော်လည်း အဆုံးသတ်၌ ပြည်ခိုင်ဖြိုးပါတီက မဲအများဆုံး ရရှိသည်ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောကြားထားသည်။
ကြိုတင်မဲကိစ္စနှင့် ပတ်သက် ၍ မြစ်ကြီးနားမြို့ ပြင်ပရောက်နေ သည့် တပ်မတော်သားများအပါ အဝင် ကြိုတင်မဲပေးခွင့်ရှိသူများ မဲပေးနိုင်ရေး ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကြိုတင် မဲနှင့် ပတ်သက်၍ ပွင့်လင်းမြင် သာမှု အားနည်းသည်ဟု ပြောဆို ခြင်းသည် စွပ်စွဲချက်သာဖြစ် ကြောင်း ကချင်ပြည်နယ် ရွေး ကောက်ပွဲအရာရှိ ဦးထွန်းအောင် ခိုင်က 7Day Daily သတင်းစာ အား ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မှတ်ချက်ပြုထားသည်။
ကြိုတင်မဲပေးခြင်းသည် သတ်မှတ်ထားသော စည်းကမ်း ဥပဒေ နည်းလမ်းများအတိုင်း ပေးခဲ့ခြင်းဖြစ်ပါက လက်ခံရမည်ဖြစ် ပြီး ကြိုတင်မဲပေးခြင်း၊ မပေးခြင်း သည် အရေးမကြီးသော ကိစ္စရပ် တစ်ခုဖြစ်သည်ဟု ဦးမောင်မောင် စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ) က 7Day Daily သတင်းစာအား မှတ်ချက်ပေးသည်။
‘‘ကျွန်တော်တို့က မြင်တာ က ကြိုတင်မဲတို့၊ တပ်မဲတို့ထက် စာရင် လူထုမဲက အရေးကြီးပါ တယ်။ တကယ်တမ်း ကိုယ့်ကို ထောက်ခံတဲ့ လူထုက မဲဆန္ဒရုံ ကိုလာပြီး မဲပေးဖို့ပဲ အရေးကြီးပါ တယ်’’ဟု ဦးမောင်မောင်စိုး (နိုင်ငံ ရေးလေ့လာသုံးသပ်သူ)က သုံးသပ်ပြောကြားသည်။
မြစ်ကြီးနားမဲဆန္ဒနယ် ကြား ဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင် ဖြိုးက ၂၃,၁၈၆ မဲဖြင့် အများဆုံး ရရှိပြီး KDP က ၁၉,၁၁၂ မဲ၊ NLD က ၁၈,၉၉၉ မဲ ရရှိသည်။

Comments
Post a Comment