"ဆိပ်ကမ်းမဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုး အနိုင်ရ"
"
နိုဝင်ဘာ - ၃၊ ၂၀၁၈
ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်တဲ့ ရန်ကုန်တိုင်းက လစ်လပ်မဲဆန္ဒနယ် နှစ်နေရာအနက် ဆိပ်ကမ်းမဲဆန္ဒနယ် မှာတော့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းက အနိုင်ရရှိသွားပါပြီ။
ဆိပ်ကမ်းမဲဆန္ဒနယ် ဟာရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်ဖြစ်ပြီး မဲပေးခွင့်ရှိသူ ၁၄၀၀ ကျော်ရှိ တဲ့ မဲဆန္ဒနယ်ဖြစ်ပါတယ်။
အဲဒီမဲဆန္ဒနယ်မှာ ညနေပိုင်းမဲရုံပိတ်ချိန် မဲရေအတွက်ရာမှာတော့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း မဲ ငါးရာကျော် ၊ ဒီချုပ်ကိုယ်စားလှယ်လောင်းက မဲ သုံးရာ ကျော်ရပြီး ပြည်ခိုင်ဖြိုးက အနိုင်ရသွားတာပါ။
မဲပေးပိုင်ခွင့်ရှိသူ ၁၄၀၀ ကျော်မှာ ကြိုတင်မဲ ၂၁ မဲ ၊ ပယ်မဲ ၁၄ မဲရှိခဲ့ပြီး လာရောက်မဲမပေးသူ ဦးရေ ကတော့ ၅၀၀ ကျော်ရှိတယ်လို့သိရပါတယ်။
ဆိပ်ကမ်းမဲဆန္ဒနယ်မှာတော့ ကိုယ်စားလှယ်လောင်း ကိုဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။
ဓာတ်ပုံ - နစ်ကီ
Comments
Post a Comment