"ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီချုပ်က ၆ နေရာနဲ့ ပြည်ခိုင်ဖြိုးက ၃ နေရာအနိုင်ရထား”



နိုဝင်ဘာ - ၃ ၊၂၀၁၈

ဒီနေ့ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအနက် လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၆  နေရာအနိုင်ရထားပြီး အတိုက်အခံ ပါတီ ပြည်ခိုင်ဖြိုးက ၃ နေရာ နိုင်သွား တယ်လို့ သတင်းရရှိပါတယ်။

ဒီချု ပ်ပါတီအနိုင်ရထားတဲ့ မဲဆန္ဒနယ်တွေကတော့ တာမွေ၊ မြင်းခြံ၊ အုတ်တွင်း၊ သပိတ်ကျင်း၊ မင်းဘူး၊ မန္တလေး တိုင်းက ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေဖြစ်တယ်လို့ ဒီချုပ်ပါတီ လွှတ်တော်ကိုယ်စား လှယ်တွေဆီက သိရပါတယ်။

အဲဒီ  ၆ နေရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ  ၂ နေရာ ( တာမွေ ၊ မြင်းခြံ) နဲ့ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်  ၄ နေရာ ( အုတ်တွင်း ၊ သပိတ်ကျင်း၊ မင်းဘူး နဲ့ မန္တလေးတိုင်းရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးမဲဆန္ဒနယ်) တို့ ပါဝင်ပါတယ်။

ဒီချုပ်ပါတီရဲ့ ဒုဥက္ကဌ ( ၂)ဖြစ်သူ လက်ရှိ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က  ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကြောင့်  သင်ခန်းစာရပြီး၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် ပြင်ဆင်ချိန်ရသွားတယ်လို့ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီကတော့  ဆိပ်ကမ်း ( ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် )၊   တမူး ( စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ) နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် - ၂ (မြစ်ကြီးနား) တို့မှာ အနိုင်ရတာလို့ ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက ဆိုပါတယ်။

ပြည်နယ်တွေမှာတော့ လဲချားမြို့နယ် ပြည်သူ့လွှတ်တော်မဲန္ဒနယ်ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က အနိုင်ရတယ်လို့ SNLD တွဲဖက်အတွင်းရေးမှူး (၂) ဖြစ်တဲ့ ဦးစိုင်းကျော်ညွှန့်က ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ဖြစ်တဲ့ ရသေ့တောင် မဲဆန္ဒနယ်အမှတ် ( ၂) မှာ ဒေါက်တာအေးမောင်ရဲ့ သားဖြစ်သူ တစ်သီးပုဂ္ဂလ  ကိုယ်စားလှယ်လောင်း က မဲအသာရနေတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဆီက သိရပါတယ်။

ကျန်တဲ့မဲဆန္ဒနယ်တွေဖြစ်တဲ့ ချင်းပြည်နယ် ပြည်နယ်လွှတ်တော် မတူပီ မဲဆန္ဒနယ်အမှတ်( ၁) နဲ့  ပြည်သူ့လွှတ်တော် ကန်ပက်လက်မဲဆန္ဒနယ်တွေ ကတော့ မဲရေတွက် နေတုန်းဖြစ်တဲ့အတွက် ရလဒ်အတိအကျ မသိရသေးဘူးလို့  ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး က ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့တဲ့ တိုင်းနဲ့ ပြည်နယ်တွေက ကချင်ပြည်နယ် ၊ရှမ်းပြည်နယ် ၊စစ်ကိုင်းတိုင်း ၊ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ မန္တလေးတိုင်း ၊ ရခိုင်ပြည်နယ် ၊ ရန်ကုန်တိုင်း ၊ချင်းပြည်နယ်တို့ ဖြစ်ကြပါတယ်။.

နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်း ၆၂ ဦးနဲ့ တစ်သီး တစ်သီးပုဂ္ဂလ ၇ ဦးအပါအဝင် စုစုပေါင်း ၆၉ ဦးတို့က ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ပြိုင်ခဲ့ကြတာပါ။

ရွေးကောက်ပွဲမှာတော့ မဲပေးခွင့်ရှိသူ  ၉ သိန်းကျော်ရှိပေမယ့် လာရောက်မဲပေးသူအရေအတွက်က နည်းပါး တာကိုတွေ့ရတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေနဲ့ ကိုယ်စားလှယ်လောင်းတွေဆီက သိရပါတယ်။


Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို