အသစ်ဖွဲ့စည်းမည့် ဝန်ကြီးဌာနအသစ် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဖြစ်လာဖွယ်ရှိ
ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနတစ်ခုကို အသစ်ဖွဲ့စည်းမှာဖြစ်ပြီး အဲဒီအစီအစဉ်ကို မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းမယ်လို့ လွှတ်တော်အစီအစဉ်လျာထားချက်အရ သိရပါတယ်။
အသစ်တိုးချဲ့ဖွဲ့စည်းမယ့် ဝန်ကြီးဌာနဟာ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာတာပါ။
င်္ဒအကြောင်းအရာနဲ့ ပက်သက်ပြီးမြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် အတွင်းရေးမှုးဦးအောင်နိုင်ဦးက
“ အဲ့လိုတော့ ကြားတယ်ဗျ။ အတိအကျတော့ကျွန်တော်လည်း မသိသေးဘူး။ အပြင်က အဲ့လိုပဲကြားတာ။ MICကို ဝန်ကြီးဌာနပေါ့။ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနပေါ့ အဲ့လိုမျိုး ကြားတာဗျ။ ကျွန်တော်တို့ဆီကိုတော့ ဘာမှ မေးတာ မြန်းတာတော့ မရှိသေးဘူးဗျ။” လို့ 7Day TV ကို ပြောကြားခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ဥက္ကဌအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း က တာဝန်ယူထားတာ ဖြစ်ပါတယ်။

Comments
Post a Comment