စပါးဈေးကျပ်ငါးသိန်းအောက် ကျပါက ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုမည်

အခြေခံရည်ညွှန်းစပါး ဈေးနှုန်း တင်းတစ်ရာလျှင် ကျပ် ငါးသိန်းအောက် ဈေးကျပါက ပြည်ပသို့ စပါးတရားဝင် တင်ပို့ခွင့်ပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးအောင်ထူးက ပြောသည်။ပြည်တွင်းဈေးကွက်တွင် စပါးဈေးနှုန်း တင်းတစ်ရာလျှင် ကျပ်ငါးသိန်းအောက် ကျဆင်း ခြင်းကို အစိုးရက မလိုလားဘဲ လယ်သမားနှင့် ကုန်သည်၊ စက် ပိုင်များအကြား နစ်နာမှုမရှိစေရန် သိမ်သိမ့်မွေ့မွေ့ ဆောင်ရွက်နိုင် မည့် နည်းလမ်းကို စီစဉ်နေကြောင်း ဦးအောင်ထူးက ပြောသည်။လက်ရှိ မိုးစပါးအသစ် အ ထွက်နှုန်းသည် ၂၅ ရာခိုင်နှုန်းသာ ရှိပြီး စပါးဈေးကို ဆက်လက်ထိန်း ထားရန် အစိုးရကလည်း စောင့်ကြည့်နေသည်ဟု ၎င်းကဆိုသည်။လက်ရှိတွင် စပါးဈေးသည် ကျပ်ငါးသိန်းအထက်တွင်သာ ရှိနေ သည်ဟု ဆိုသည်။
‘‘ကျပ်ငါးသိန်းအောက်ကျ သွားရင် အက်ရှင်တစ်ခုခုတော့ လုပ်မှာပါ’’ဟု ဦးအောင်ထူးက ပြောသည်။ ပြည်ပသို့ စပါးက လွတ် လပ်စွာတင်ပို့ခွင့်ပြုမည်ဆိုပါက စပါးတင်းတစ်ရာလျှင် ကျပ် ခုနစ်သိန်းမှ ရှစ်သိန်းခန့်အထိ ရရှိ နိုင်သော်လည်း စပါးခွံ၊ ဖွဲနု၊ ဆန် ကွဲကဲ့သို့ တိရစ္ဆာန်အစားအစာ များ ဆုံးရှုံးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် စပါးတင်းတစ်ရာ လျှင် ကျပ်ငါးသိန်းအောက် ဈေး ကျဆင်းမည်ဆိုပါက အစိုးရနှင့် အသင်းအဖွဲ့များ ပူးပေါင်းပြီး အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ၀ယ်ယူရမည် ဖြစ်သည်။ မိုးစပါး ရာသီတွင် စိုက်ပျိုးသော စပါးကို တင်းတစ်ရာလျှင် ကျပ်ငါးသိန်း အခြေခံရည်ညွှန်းဈေးအဖြစ် ယခု နှစ်မတ်လက သတ်မှတ်ခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြား သည့် ၂၀၁၈ မတ်လ ၆ ရက်တွင် ပြုလုပ်သော မြန်မာ့ဆန်စပါး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှီးနှော ဖလှယ်ပွဲ၌ အခြေခံရည်ညွှန်း စပါးဈေးနှုန်း သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ပေါ်ဆန်း၊ အထူးဧည့်မထ အုပ်စုစသော အချို့သောအဆင့် မြင့်စပါးအုပ်စုတို့သည် တင်း ၁၀၀ လျှင် ကျပ် ခုနစ်သိန်း၊ ရှစ်သိန်းမှ၁၀ သိန်းအထိ ဈေးကောင်းရရှိနေပြီဖြစ်၍ အဆိုပါ စပါးများကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းဝယ်ရန်ဖြစ်ကြောင်း၊ တောင်သူလယ်သမားအများစု စိုက်ပျိုးသော သာမန်စပါးများသည် စပါးပေါ်ချိန်တွင် ဈေးကျလေ့ရှိသောကြောင့် တောင်သူလယ်သမား များ၏ အကျိုးစီးပွားအတွက် အခြေခံဈေးနှုန်း သတ်မှတ်ခြင်းဖြစ် ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
သာမန်စပါးများကို အခြေခံ ရည်ညွှန်းဈေးနှုန်း သတ်မှတ်ဝယ် ယူရာတွင် စပါးအစိုဓာတ် ၁၄ ရာ ခိုင်နှုန်းရှိသော အရည်အသွေး ကောင်း စပါးတစ်တင်းလျှင် ၄၆ ပေါင်နှုန်းဖြင့် ၀ယ်ယူရန်စီစဉ် ထားကြောင်း ထုတ်ပြန်သည်။
ယခုနှစ် မိုးစပါးစတင်ပေါ် ချိန်တွင် တရုတ်နိုင်ငံသားများက ဆန်စပါးအဓိကစိုက်ပျိုးသည့် နယ်မြို့များသို့ တိုက်ရိုက်ဆင်းပြီး စပါးတင်းတစ်ရာလျှင် ခြောက် သိန်းခွဲ အထက်ဈေးပိုပေး၍ ၀ယ် ယူခဲ့သည်။ မြန်မာနိုင်ငံမှ ဆန် ကိုသာ ပြည်ပသို့ တရားဝင်တင်ပို့ ခွင့်ပြုထားပြီး စပါးကိုတင်ပို့ခွင့် မပြုပေ။ ထိုကြောင့် နယ်စပ်တွင် စပါးတင်ဆောင်လာသည့် ကား များကို တရားမ၀င်ကုန်သွယ်မှု တားဆီးရေး ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးမှုကြောင့် ဒေ သစုံမှ စပါးအထွက်များလာချိန် တွင် စပါးဈေးကျဆင်းခဲ့ပြီး လက်ရှိ၌ စပါးဈေးနှုန်းသည် ပျမ်းမျှတင်းတစ်ရာလျှင် ငါးသိန်းနှစ် သောင်းမှ ငါးသိန်းငါးသောင်းကျပ်အကြားဈေးရှိနေသည်။
တရုတ်နိုင်ငံကလည်း လက် ရှိတွင် ဆန်ကိုဖမ်းဆီးသော်လည်း စပါးကို စစ်ဆေးဖမ်းဆီးမှု နည်းပါးသည်။ ရှမ်းပြည်နယ်မြောက် ပိုင်း၊ ကချင်ပြည်နယ်ဒေသ အချို့တွင် တရုတ်မျိုးစပါးများကို စိုက်ပျိုးပြီး ပြန်လည်သယ်ဆောင်မှုများရှိ နေခြင်းကြောင့် ဆန်ထက်စပါးကို တရုတ်နိုင်ငံသို့ လွယ်ကူစွာ တင်ပို့နိုင်ခြင်းဖြစ်သည်ဟု ဆန်ကုန်သည်အချို့က ပြောသည်။

Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို