ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကား ချောင်းထဲထိုးကျ
နေရောင်မင်း / DMG
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု စီးနှင်းလာသည့်ကားသည် ရန်ကုန်-စစ်တွေကားလမ်း အတိုင်း မောင်နှင်းလာရာ ယနေ့မနက် ၅ နာရီကျော်အချိန်က မြောက်ဦးမြို့ ဆင်ချဆိပ် ရပ်ကွက်အရောက်တွင် ချောင်းထဲသို့ ထိုးကျသွားခဲ့သည်။
သို့သော် ဝန်ကြီးချုပ်မှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ပေ။
“ ယာဉ်မောင်း အိပ်ငိုက်လို့ ချောင်းထဲသို့ ထိုးကျသွားတာဖြစ်တယ်” ဟု ဝန်ကြီးချုပ် PSO ကိုကျော်ခင် က ပြောသည်။
လက်ရှိတွင် စစ်တွေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ကိုကျော်ခင်က ဆက်လက်ဆိုသည်။
ဓာတ်ပုံ - ဆည်းဆာဦး
Comments
Post a Comment