ဘင်္ဂါလီဒုက္ခသည်များလက်ခံရန် ကနေဒါ၏ ကမ်းလှမ်းမှုကို ဘင်္ဂလားဒေ့ရှ် နှုတ်ဆိတ်နေဟုဆို
လက်ခံခေါ်ယူ ရန် ကနေဒါနိုင်ငံ၏ ကမ်းလှမ်းမှု ကို ဘင်္ဂလားဒေ့ရှ်က လက်ခံခြင်း မရှိကြောင်း ကနေဒါအရာရှိများ က ပြောသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိ များထံ မှတ်ချက်ပြုရန် အကြိမ် ကြိမ်တောင်းဆိုသော်လည်း နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူနှင့် ဒုက္ခသည်များသက် သာရေးနှင့် ပြန်လည်ပို့ဆောင် ရေးကော်မရှင်နာတို့က မှတ်ချက် ပြုပေးခြင်းမရှိဟု သိရသည်။
ကနေဒါနိုင်ငံခြားရေးဝန် ကြီး ခရစ်စတီယာဖရီးလန်းမေလ က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွား ရောက်ခဲ့ပြီး ဘင်္ဂါလီဒုက္ခသည် များကို အကန့်အသတ်ဖြင့်လက်ခံ ရန် ကနေဒါကကမ်းလှမ်းခဲ့ ကြောင်းနှင့် ယင်းကမ်းလှမ်းမှု သည် လက်ရှိအထိရှိနေဆဲဖြစ် ကြောင်း ကနေဒါအရာရှိများက ပြောသည်။
ကနေဒါအနေဖြင့် ဘင်္ဂလား ဒေ့ရှ်နှင့်ကိစ္စရပ်များဆွေးနွေးရန် ဆန္ဒရှိသည်ဟု ဖရီးလန်းကပြော ကြားကြောင်း အမည်မဖော်လို သည့်ကနေဒါအရာရှိတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်း စစ်ဆေးရေးမှူးကလည်း ဘင်္ဂါလီ ဒုက္ခသည်ထောင်နှင့်ချီ၍ ယခုလ အတွင်း ရခိုင်ပြည်နယ်သို့ စတင် ပြန်ပို့မည့်အစီအစဉ် ဖျက်သိမ်းရန် နိုဝင်ဘာ ၆ ရက်က ဘင်္ဂလားဒေ့ရှ် ကိုတိုက်တွန်းခဲ့ပြီး ယင်းဒုက္ခသည် များဖိနှိပ်မှုနှင့် ကြုံရနိုင်သည့် အန္တရာယ်မြင့်မားသည်ဟု ၎င်းက ပြောသည်။
ဘင်္ဂလားဒေ့ရှ်က ၎င်းတို့နိုင် ငံတွင် အပြီးသတ်နေရာချထား ပေးရန် (သို့မဟုတ်)တတိယနိုင်ငံ များသို့ ပို့ဆောင်ရန်ထက် မြန်မာ နိုင်ငံသို့ ပြန်ပို့ရေးသာ မပြတ်ကြိုး ပမ်းနေပြီး အရေအတွက်အများ အပြားပြန်လာမည့်သူများ၏ သ ဘောဆန္ဒအလျောက် ပြန်လာ ခြင်းအပေါ် အလေးအနက်မေး ခွန်းထုတ်စရာဖြစ်နေကြောင်း UNHCR ၏ အစီရင်ခံစာတစ်ရပ် ၌ ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာဆီနာက ၎င်းတို့အစိုးရတွင် ယင်းဒုက္ခသည်များကို ပြည်တွင်း ၌ ပေါင်းစပ်နေထိုင်ခွင့်ပြုရေးမူဝါ ဒမရှိသောကြောင့် ဘင်္ဂါလီဒုက္ခ သည်များသည် ၎င်းတို့နိုင်ငံသို့ ပြန်ရမည်ဟု စက်တင်ဘာက ပြောကြားခဲ့သည်။
ကနေဒါသည် ၂၀၁၆ နှင့် ၂၀၁၀ ကြားကာလတွင် ဘင်္ဂလား ဒေ့ရှ်ဒုက္ခသည်စခန်းများမှ လူ ၃၀၀ ကျော်ကို နေရာချထားပေးခဲ့ ကြောင်း ကနေဒါလူဝင်မှုကြီး ကြပ်ရေး၊ဒုက္ခသည်များနှင့် နိုင်ငံ သားဖြစ်မှုဌာနပြောရေးဆိုခွင့်ရှိ သူအမျိုးသမီးရှန်နွန်ကားက ပြော သည်။
ဘင်္ဂလားဒေ့ရှ်သည် ၂၀၁၀ နောက်ပိုင်းတွင် ဘင်္ဂါလီဒုက္ခ သည်များကို အခြားနိုင်ငံများသို့ ပြန်လည်နေရာချထားရေး ခွင့်ပြု ချက်ထုတ်ပြန်ခြင်းမရှိဟု ၎င်းက ပြောသည်။
UNHCR က ၎င်းတို့ကို ကနေဒါ၊ အမေရိကန်နှင့်ဥရောပ နိုင်ငံအချို့နှင့် ဘင်္ဂါလီဒုက္ခသည် ၁,၀၀၀ ခန့်နေရာချထားရေးညှိ နှိုင်းခွင့်ပြုရန် ဘင်္ဂလားဒေ့ရှ်ထံ ဖေဖော်ဝါရီက တောင်းဆိုခဲ့ သည်။
ဒုက္ခသည်များလက်ခံရန် ကမ်းလှမ်းခဲ့ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဂူလော်မီဘီရူဘီက အတည်ပြုသော်လည်း ဘင်္ဂလား ဒေ့ရှ်ဘက်က တုံ့ပြန်မှုသည် လျှို့ ၀ှက်ကိစ္စဖြစ်သဖြင့် မှတ်ချက်ပြု ခြင်းမရှိပေ။
ကနေဒါလူဝင်မှုကြီးကြပ် ရေး၊ ဒုက္ခသည်များနှင့် နိုင်ငံသား ဖြစ်မှုဆိုင်ရာဌာန ပြောရေးဆို ခွင့်ရှိအမျိုးသမီးဘီထရိုက်စ်ဖယ် နယ်လွန်က ‘‘ဘင်္ဂလားဒေ့ရှ်က ထွက်ခွာခွင့်တွေ ထုတ်ပြန်တာမရှိ ပါဘူး’’ ဟု ပြောသည်။
(The Globe and Mail)
Comments
Post a Comment