ဒီည မန်ချက်စတာမြို့ကို ခြုံလွှမ်းမှာ အပြာလား၊ အနီလား



ပြိုင်ပွဲစုံ (၁၇၇) ကြိမ်မြောက် မန်ချက်စတာဒါဘီပွဲစဉ်ကို ဒီည မြန်မာစံတော်ချိန် ၁၁ နာရီအချိန်ကျရင် အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာပါ။

အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲမှာ ၄ ပွဲနိုင်ပြီး ပေးဂိုး ၁ ဂိုးပဲ ရှိခဲ့ပါတယ်။ (၃၃)ဂိုးသွင်းထားပြီး (၄)ဂိုးပဲ ပေးထားရတဲ့ မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ တိုက်စစ်၊ ခံစစ် အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

ရာသီအစပိုင်းမှာ ရလဒ်မကောင်းခဲ့တဲ့ မန်ယူကတော့ အဆင့်(၈)နေရာမှာ ရှိနေပါတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းကို ရှုံးပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဂျူဗင်တပ်ကို အဝေးကွင်းနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)ပွဲ ကစားပြီးချိန်မှာ ပေးဂိုး(၁၈)ဂိုးအထိ ရှိနေပြီး ထိပ်ဆုံး(၁၀)သင်းထဲမှာ ပေးဂိုးအများဆုံး ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားဆု ရခဲ့တဲ့ ဒီဘရိုင်းကတော့ ဒူးဒဏ်ရာကြောင့် ထပ်မံအနားယူခဲ့ရလို့ ဒီပွဲမှာ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဂန်ဒိုဂန် ပြန်လည်ပါဝင်လာမှာဖြစ်ပြီး ဒေးဗစ်ဆေးလ်ဗား၊ ဘာနာဒိုဆေးလ်ဗားတို့နဲ့ နေရာလုရဖို့ ရှိနေပါတယ်။ ရှက်တာဒိုးနက်ကို (၆)ဂိုးပြတ် အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂါဘရီယယ်ဂျီးဆပ်က မန်စီးတီးအတွက် ဟက်ထရစ် သွင်းပေးနိုင်ခဲ့ပေမဲ့ ဒီပွဲမှာတော့ အဂူရိုကိုပဲ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖွယ် ရှိနေပါတယ်။ မန်ယူရဲ့ နောက်ဆုံးပွဲစဉ် ၂ ပွဲ လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး လူကာကူ ပြန်ပါဝင်လာဖို့ ရှိနေပြီး အသေးစားဒဏ်ရာတွေ ကြုံခဲ့တဲ့ ဆန်းချက်ဇ်၊ ပေါ့ဘာတို့လည်း ပါဝင်လာမယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မန်ချက်စတာဒါဘီပွဲကို တာဝန်ယူမယ့် ကွင်းလယ်ဒိုင် အန်သိုနီတေလာက မန်ယူအသင်း ပရိသတ်အဖြစ် ကြီးပြင်းလာခဲ့သူလို့ မန်စီးတီး ပရိသတ်တွေက စွပ်စွဲနေကြပါတယ်။ ဒါပေမဲ့ တစ်ကမ္ဘာလုံး စောင့်ကြည့်နေကြမယ့် အခုလိုပွဲစဉ်မျိုးမှာ ကွင်းလယ်ဒိုင်က အမှားအယွင်း လုပ်ချင်မိမှာ မဟုတ်ဘူးလို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာဒါဘီ ပွဲစဉ် (၂)ပွဲမှာ အိမ်ရှင်အသင်းတွေ ရှုံးနိမ့်ခဲ့ပါတယ်။ ပရိသတ်တွေကရော ဒီပွဲမှာ ဘယ်အသင်း အနိုင်ရမယ်ထင်လဲဆိုတာ ခန့်မှန်းခဲ့လို့ ရတယ်နော်။

Nz (ရိုးရာလေး)
www.yoyarlay.com

#Nz_yyl #Sports_yyl


Comments

Popular posts from this blog

ဆူဇူကီးဖလား မြန်မာနဲ့ဗီယက်နမ်ပွဲ ဂိုးမရှိ သရေကျ

အဆိုတော်ရွှေထူးနဲ့ ရုပ်ရှင်သရုပ်ဆောင်ရွှေမှုံရတီတို့ကတော့ မကြာခင်မှာ အတူလက်တွဲပြီး သာယာတဲ့ဘဝတစ်ခုကို တည်ဆောက်ကြတော့မှာပါ။

မြန်မာပရိသတ်များ အပျော်ဖြင့်အိမ်ပြန်စေရမည်ဟု အန်တွမ်နီဟေးဆို